Main menu

ညောင်လေးပင်မြို့၊ စည်ပင်သာယာမြို့မဈေး၏ ဇူလိုင်လ၊ ပထမအပတ် ကုန်ဈေးနှုန်းအခြေအနေ

Powered by Drupal

  ညောင်လေးပင်မြို့၊ စည်ပင်သာယာမြို့မဈေး၌ ရောင်းချလျက်ရှိသော ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ ရွှေဖရုံသီး၊ ရွှေပဲသီး၊ ဗိုလ်စားပဲ၊ မုန်လာဥနီ၊ မုန်ညှင်း၊ ခရမ်းချဉ်သီးနှင့် အာလူးသီးနှံများမှာ ရှမ်းပြည်နယ်၊ အောင်ပန်းမြို့မှဝင်ရောက်ကြောင်း သိရှိရသည်။

  ၂၀၂၃ခုနှစ်၊ ဇူလိုင်လ၊ ပထမပတ်တွင် ဂေါ်ဖီထုပ်တစ်ပိဿာလျှင် ကျပ်၁၂၀၀၊ ပန်း‌ဂေါ်ဖီတစ်ထုပ်လျှင် ကျပ်၈၀၀မှ ကျပ်၁၂၀၀အတွင်း၊ ရွှေပဲသီးတစ်ပိဿာလျှင် ကျပ်၅၀၀၀မှ ကျပ်၆၀၀၀အတွင်း၊ ဗိုလ်စားပဲတစ်ပိဿာလျှင် ကျပ်၃၀၀၀၊ မုန်လာဥနီတစ်ပိဿာလျှင် ကျပ်၃၀၀၀၊ မုန်ညှင်းတစ်ပိဿာလျှင် ကျပ်၂၀၀၀၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် ကျပ်၁၅၀၀မှ ကျပ်၁၈၀၀အတွင်း၊ အာလူးတစ်ပိဿာလျှင် ကျပ်၃၀၀၀မှ ကျပ်၃၂၀၀အတွင်းဖြင့် ရောင်းချနေပြီး ဒေသထွက်ဟင်းသီးဟင်းရွက်များဖြစ်သော ကန်စွန်းရွက် (တရုတ်) တစ်စည်းလျှင် ကျပ်၁၀၀မှ ကျပ်၂၀၀အတွင်း၊ ချဉ်ပေါင်ရွက်တစ်စည်းလျှင် ကျပ်၅၀မှ ကျပ်၂၀၀အတွင်း၊ ဆလပ်ရွက်တစ်စည်းလျှင် ကျပ်၂၅၀မှ ၃၀၀အတွင်း၊ ပဲသီးတစ်စည်းလျှင် ကျပ်၂၅၀မှ ကျပ်၃၀၀အတွင်း၊ ဘူးသီးတစ်လုံးလျှင် ကျပ်၁၀၀၀မှ ကျပ်၁၅၀၀အတွင်း၊ ခရမ်းသီး (အရှည်) တစ်ပိဿာလျှင် ကျပ်၁၆၀၀မှ ကျပ်၂၀၀၀အတွင်းနှင့် ငရုတ်သီးစိမ်းတစ်ပိဿာလျှင် ကျပ်၂၀၀၀တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

DOCA(ပဲခူး)