Main menu

မင်းလှမြို့မဈေးအတွင်း၏ ချင်းဈေးကွက်

Powered by Drupal

    သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၃ခုနှစ်၊ မေလ၊ နောက်ဆုံးအပတ်ထိ ချင်းတစ်ပိဿာလျှင် ၅၀၀၀ကျပ်သာရှိခဲ့သော်လည်း ဇွန်လဆန်းမှ ဇွန်လ၊ တတိယအပတ်ထိ ချင်းတစ်ပိဿာလျှင် ၁၀၀၀၀/-ကျပ်ဖြစ်၍ ဈေးနှုန်း ၂ဆခန့်မြင့်တက်လာကြောင်း ဈေးကွက်အတွင်းရှိ ကုန်စုံဆိုင်များမှသိရှိရပါသည်။ မင်းလှမြို့နယ်ရှိ ချင်းဈေးကွက်အခြေအနေမှာ ဇွန်လ၊ နောက်ဆုံးအပတ်နှင့် ဇူလိုင်လ၊ ပထမအပတ်တို့တွင် ဈေးနှုန်းမှာ တစ်ပိဿာလျှင် ၂၀၀/-ကျပ်ခန့် အနည်းငယ်စီမြင့်တက်နေကြောင်းသိရှိရပါသည်။

     မင်းလှမြို့မဈေးကွက်အတွင်းသို့ ရန်ကုန်ဘုရင့်နောင်ပွဲရုံများမှ အလေးချိန်ပိဿာ (၁၀) ပိဿာဝင်ခြင်းများဖြင့်လည်းကောင်း၊ အချိန် (၂၀) ပိဿာဝင်အိတ်များဖြင့်လည်းကောင်း၊ တစ်ပတ်လျှင် ပိဿာ (၁၅၀) မှ (၂၀၀) ပိဿာခန့်အဝင်ရှိနေပါသည်။ အရောင်းအဝယ်အနေဖြင့် ဒေသတွင်းရှိ လက်လီဝယ်ယူသူအနည်းငယ်ဖြင့်သာအရောင်းအဝယ်ရှိနေပါကြောင်း ဈေးကွက်အတွင်းမှသိရှိရပါသည်။

DOCA(ပဲခူး)