Main menu

ဘင်္ဂလား‌ဒေ့ရှ်-အိန္ဒိယ နှစ်နိုင်ငံကြား ကုန်သွယ်ရာတွင် ရူပီးငွေကြေးဖြင့် စတင်ဆောင်ရွက်

Powered by Drupal

ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံတို့သည် ၂ဝ၂၃ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့မှစတင်၍ နှစ် နိုင်ငံကုန်သွယ်ရာ၌ အိန္ဒိယငွေကြေးရူပီးဖြင့် စတင်ပေးချေဆောင်ရွက်ခဲ့ပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းနှစ်ခုဖြစ်သည့် Tamim Agro နှင့် Shahjahan Mia တို့၏ အိန္ဒိယရူပီးငွေ ၂၈ သန်းတန်ဖိုးရှိသည့် ပို့ကုန်ငွေလွှဲစာတမ်းနှစ်စောင်နှင့် Nita Company နှင့် Abdul Matlub Ahmad တို့၏ အိန္ဒိယရူပီးငွေ ၁၂ သန်းတန်ဖိုးရှိသည့် သွင်းကုန်ငွေလွှဲစာတမ်းနှစ်စောင်တို့ကို ဘဏ် (၄) ခုဖြစ်သော Sonali Bank ၊ Eastern Bank of Bangladesh ၊ India’s State Bank of India နှင့် ICICI Bank တို့မှ လွှဲပြောင်းဆောင်ရွက်ပေးခဲ့ကြပါသည်။

ဘင်္ဂလားဒေ့ရှ်ဘဏ်နှင့် ဒါကာရှိ High Commission of India တို့သည် အမေရိကန်ဒေါ်လာ ၁၆ ဘီလီယံတန်ဖိုးရှိသည့် နှစ်နိုင်ငံအကြားကုန်သွယ်မှုကို အိန္ဒိယရူပီးငွေဖြင့် ပေးချေသည့် အစီအစဉ်ကို စတင်ဆောင်ရွက်ခဲ့ပြီး ထိုသို့ဆောင်ရွက်မှုသည် တင်သွင်းသူများအတွက် ဒေါ်လာအစား ရူပီးငွေဖြင့် ငွေလွှဲစာတမ်းဖွင့်လှစ်နိုင်သဖြင့် သက်သာရာရစေခဲ့ပါသည်။ ထို့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပြည်ပသို့ငွေပေးချေမှုမှာ ပို့ကုန်နှင့်ပြန်လည်လွှဲအပ်ငွေတို့ထက် သာလွန်နေခြင်းကြောင့် နိုင်ငံခြားငွေအရန်ထားရှိမှုမှာ ယခင်ကလျော့နည်းကျဆင်းနေသဖြင့် ဖိအားများဖြစ်ပေါ်နေရာမှ အဆိုပါအစီအစဉ်ကြောင့် ဖိအားများ လျော့နည်းသက်သာစေခဲ့ပါသည်။ ဘင်္ဂလားဒေ့ရှ်၏ တာကာငွေတန်ဖိုးမှာ လွန်ခဲ့သောတစ်နှစ်ခွဲခန့်က စတင်၍ သိသာစွာကျဆင်းခဲ့ပြီး ငွေကြေးတန်ဖိုး ကျဆင်းမှုမှာ ဆက်လက်ဖြစ်ပေါ်လျက်ရှိပါသည်။

Source: The Daily Star, 11 Jul 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)