Main menu

၂ဝ၂၃ ခုနှစ် ပထမနှစ်ဝက်၌ တရုတ်နိုင်ငံသို့ ကမ္ဘောဒီးယားဆန်တင်ပို့မှု ဒေါ်လာ ၈၉ သန်းခန့်ရှိ

Powered by Drupal

ကမ္ဘောဒီးယားနိုင်ငံသည် ၂ဝ၂၃ ခုနှစ် ပထမနှစ်ဝက်ကာလအတွင်း တရုတ်နိုင်ငံသို့ ဆန် တန်ချိန် ၁၃၈၃၆၄ တန်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၈၈.၉ သန်းဖိုး တင်ပို့နိုင်ခဲ့ကြောင်း ကမ္ဘောဒီးယားဆန်စပါးအသင်းအဖွဲ့ချုပ် (CRF) ၏ ပြောကြားချက်အရ သိရှိရပါသည်။

CRF အဖွဲ့ချုပ်၏ သတင်းထုတ်ပြန်ချက်၌ တရုတ်နိုင်ငံသည် ကမ္ဘောဒီးယား၏ ထိပ်တန်း ဆန်ဝယ်ယူတင်သွင်းသည့်နိုင်ငံအဖြစ် ဆက်လက်တည်ရှိနေပြီး ယခုနှစ် ဇန်နဝါရီလမှ ဇွန်လအတွင်း ကမ္ဘောဒီးယားနိုင်ငံမှ စုစုပေါင်းဆန်တင်ပို့မှုပမာဏ၏ ၄၂% ကို တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြပါသည်။ CRF ၏ ဥက္ကဌဖြစ်သူ Chan Sokheang က တရုတ်နိုင်ငံသည် ဆန်တင်ပို့ရန် အလားအလာကောင်းမွန်သည့် ဈေးကွက်တစ်ခုဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ တရုတ်နိုင်ငံသို့ တစ်နှစ်လျှင် ဆန်တန်ချိန် ၄ သိန်း ရောင်းချသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

CRF ၏ ဖော်ပြချက်အရ ကမ္ဘောဒီးယားနိုင်ငံသည် ၂ဝ၂၃ ခုနှစ် ပထမ ၆ လအတွင်း နိုင်ငံ ပေါင်း ၅၂ နိုင်ငံသို့ ဆန်တန်ချိန် ၃၂၉၆၃၃ တန် တင်ပို့ခဲ့ပြီး ဝင်ငွေ ဒေါ်လာ ၂၂၉ သန်းရရှိခဲ့ကြောင်း၊ တင်ပို့ခဲ့သော ဆန်အမျိုးအစားများတွင် ပရီမီယံအဆင့် ရနံ့မွှေးဆန်၊ ဆန်မွှေး၊ ဆန်ဖြူလုံးရှည်၊ ပြုတ်ဆန်နှင့် အော်ဂဲနစ်ဆန် တို့ပါဝင်ကြောင်း သိရှိရပါသည်။

Source: Khmer Times, 10 Jul 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)