ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်အတွင်းရှိ မြို့နယ်များတွင် ဒေသတွင်းနှင့် ပြည်တွင်းစားသုံးမှုဖူလုံရေး၊ ဆန်စပါးဈေးနှုန်းတည်ငြိမ်ရေးနှင့် ပိုလျှံသည်များကို ပြည်ပသို့တင်ပို့နိုင်ရေးအတွက် မိုးစပါး၊ နွေစပါးများစိုက်ပျိုးထုတ်လုပ်လျက်ရှိရာ နတ်တလင်းခရိုင်အတွင်း (၂၀၂၂-၂၀၂၃) ဘဏ္ဍာနှစ်၌ မိုးစပါးလျာထားဧက (၃၁၄၄၆၃) ကို လျာထားချက်ပြည့်မီအောင်စိုက်ပျိုးနိုင်ခဲ့ကြောင်းနှင့် နွေစပါးလျာထားဧက (၅၈၂၇၂) ကို ကျော်လွန်အောင်စိုက်ပျိုးနိုင်ခဲ့ကြောင်းသိရပါသည်။
ယခုအခါ နွေစပါးများကို ရိတ်ခြွေနေပြီး နတ်တလင်းခရိုင်အတွင်း ဇူလိုင်လ၊ ပထမပတ်အထိ (၃၈၉၄) ဧကကျော်ရိတ်သိမ်းပြီးစီးကြောင်း၊ ယခုဇူလိုင်လ၊ ပထမပတ်အတွင်း နွေစပါးတင်း (၁၀၀) ကို (၄၆) ပေါင်ဖြင့် ကွင်းပေါက်ဈေး (၁၂) သိန်းကျပ်ပေါက်ဈေးရှိပြီး နွေဆန်တစ်အိတ်လျှင် (၅၁၀၀၀) ကျပ်နှုန်းရှိပါကြောင်းနှင့် စပါးများကို ကုန်သည်များက ကွင်းထဲအရောက် လာရောက်ဝယ်ယူမှုများရှိနေကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)