ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နမ့်ဆန်မြို့နယ်တွင် လက်ဖက်များကိုအဓိကစိုက်ပျိုးလျက်ရှိပြီး လက်ဖက်စို၊ လက်ဖက်ခြောက်လုပ်ငန်းများကိုလည်း လုပ်ကိုင်လျက်ရှိကြောင်းသိရှိရပါသည်။ လက်ဖက်လုပ်ငန်းနှင့်ပတ်သက်ပြီး လေ့လာချက်အရ သင်္ကြန်မတိုင်မီတွင် ဈေးနှုန်းများအနည်းငယ်ကွာခြားမှုရှိကြောင်း သိရှိရပါသည်။
သင်္ကြန်မတိုင်မီ လက်ဖက်ဈေးနှုန်းများသည် ရွက်စိမ်း (၁) ပိဿာလျှင် (၂၅၀၀) ကျပ်မှ (၃၀၀၀) ကျပ်ကြားဈေးရှိခဲ့သော်လည်း သင်္ကြန်ပြီးနောက်ပိုင်းမှ ယနေ့အထိ (၁၈၀၀) ကျပ်မှ (၂၅၀၀) ကျပ်အထိဈေးရှိကြောင်း၊ လက်ဖက်စိုဈေးနှုန်းမှာ ပြောင်းလဲခြင်းမရှိဘဲ (၁) ပိဿာလျှင် (၃၀၀၀) ကျပ်ရှိကြောင်းသိရှိရပါသည်။
လက်ဖက်ဈေးနှုန်းမှာ သင်္ကြန်မတိုင်မီတွင် အရောင်းအဝယ်ရှိခဲ့သော်လည်း သင်္ကြန်ပြီးသည့်နောက်ပိုင်း၌ မိုးရွာသည့်အတွက် အရောင်းအဝယ်နည်းပါးမှုရှိကြောင်း၊ လက်ဖက်ခြောက် (၁) ပိဿာလျှင် (၁၀၀၀၀) ကျပ်တိတိဈေးရှိကြောင်း လေ့လာသိရှိရပါသည်။
DOCA(ရှမ်း)