မကွေးမြို့၊ ရန်ပယ်ဈေး၌ ရောင်းချနေသောစားဖိုဆောင်သုံးသီးနှံများမှာ ရှမ်းပြည်နယ်၊ ပြင်ဦးလွင်၊ အောင်ပန်းမြို့နှင့် မကွေးမြို့နယ်၊မကျီးကန်ရွာ၊ ဆားတိုင်ကန်ရွာ၊ သန်တောကုန်းရွာနှင့် ပထိုးစမ်းကျေးရွာတို့မှ အများဆုံးဝင်ရောက်ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။
၂၀၂၃ခုနှစ်၊ ဇူလိုင်လ (ဒုတိယပတ်) အတွင်း ရန်ပယ်စျေး၌ရောင်းချနေသော စားဖိုဆောင်သုံးသီးနှံစျေးနှုန်းများမှာ ကန်စွန်းရွက်(၁)စည်းလျှင် ကျပ်(၅၀)၊ ချဉ်ပေါင်ရွက်(၁)စည်းလျှင် ကျပ်(၁၀၀)၊ ရုံးပတီသီး(၁)ပိဿာလျှင် ကျပ်(၂၀၀၀)၊ နံနံပင် (၁) ပိဿာလျှင် ကျပ်(၅၀၀၀)၊ မုန်လာဥနီ(၁)ပိဿာလျှင် ကျပ်(၄၅၀၀)၊ ကြက်ဟင်းခါးသီး(၁)ပိဿာလျှင် ကျပ်(၂၀၀၀)၊ ပန်းဂေါ်ဖီပွင့်(၁)ပွင့်လျှင် ကျပ်(၁၂၀၀)၊ မျှစ်(၁)ပိဿာလျှင် ကျပ်(၆၀၀၀)၊ မျှစ်ချဉ်(၁)ပိဿာလျှင် ကျပ်(၄၄၀၀)၊ ပဲပင်ပေါက်(၁)ပိဿာလျှင် ကျပ်(၁၂၀၀၀)၊ ပဲသီး(၁)ပိဿာလျှင် ကျပ်(၂၀၀၀)၊ ဂေါ်ဖီထုပ်(၁)ထုပ်လျှင် ကျပ်(၁၅၀၀)၊ ကင်ပွန်းချဉ် (၁)ပိဿာလျှင် ကျပ်(၄၀၀၀)၊ မုန်လာဥဖြူ(၁)စည်းလျှင် ကျပ်(၅၀၀)၊ ခရမ်းချဉ်သီး(၁)ပိဿာလျှင် ကျပ်(၁၅၀၀)၊ အာလူး(၁)ပိဿာလျှင် ကျပ်(၂၅၀၀)မှ ကျပ်(၃၂၀၀)အတွင်း၊ ငရုတ်သီးစိမ်း(၁)ပိဿာလျှင် ကျပ်(၆၀၀၀)၊ ငရုတ်သီးခြောက်(၁)ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ ကုလားပဲ(၁)ပြည်လျှင် ကျပ်(၇၇၀၀)၊ ကြက်သွန်ဖြူ(ဗမာ)(၁)ပိဿာလျှင် ကျပ်(၈၀၀၀)၊ ကြက်သွန်ဖြူ(ရှမ်း)(၁)ပိဿာလျှင် ကျပ်(၈၈၀၀)၊ ချင်းတက်(၁)ပိဿာလျှင် ကျပ်(၈၀၀၀)၊ နနွင်းတက်(၁)ပိဿာလျှင် ကျပ်(၆၀၀၀)၊ ကြက်သွန်နီ (၁) ပိဿာလျှင် ကျပ်(၂၃၀၀)၊ ဆား(အကြမ်း)(၁)ပိဿာလျှင် ကျပ်(၅၀၀)၊ ဆား(အချော)(၁)ပိဿာလျှင် ကျပ်(၁၃၀၀)၊ နနွင်းမှုန့်(၁)ပိဿာလျှင် ကျပ်(၃၂၀၀)၊ အရောင်တင်မှုန့်(၁)ပိဿာလျှင် ကျပ်(၃၂၀၀)၊ ငရုတ်သီးခြောက်(အကြမ်း)မှုန့်(၁)ပိဿာလျှင် ကျပ်(၂၀၀၀၀)၊ ငါးပိ(၁)ပိဿာလျှင် ကျပ်(၈၀၀၀)မှ ကျပ်(၁၀၀၀၀)အတွင်း၊ ခရမ်းသီး(၁)ပိဿာလျှင် ကျပ်(၁၅၀၀)၊ ကြက်ဥ(၁)လုံးလျှင် ကျပ်(၂၆၀)မှ ကျပ်(၂၈၀)၊ ဘဲဥ(၁)လုံးလျှင် ကျပ်(၃၅၀)မှ ကျပ်(၃၈၀)၊ သကြား(၁)ပိဿာလျှင် ကျပ်(၃၅၀၀)တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မကွေး)