Main menu

မကွေးမြို့၊ မြို့မစျေး၌ ရောင်းချလျက်ရှိသော ပုစွန်ခြောက်၊ ငါးခြောက်စျေးနှုန်းအခြေအနေ

Powered by Drupal

    မကွေးမြို့တွင် မြို့မစျေး၊ ကန်သာစျေး၊ မင်္ဂလာစျေး၊ ရန်ပယ်စျေး၊ အခွန်လွတ်စျေးနှင့် ဆည်မြောင်းစျေးတို့ရှိကြပြီး မြို့မစျေးသို့ မကျီးကန်ရွာ၊ ဆားတိုင်ကန်ရွာ၊ သန်းတောကုန်းကျေးရွာ၊ ပုထိုးစမ်းကျေးရွာတို့မှ အဓိကလာရောက်ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။

  ထို့ပြင် မကွေးမြို့၊ မြို့မစျေးတွင် ရန်ကုန်၊ ဘုရင့်နောင်၊ မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်ရှိ ဆည်များ၌ မွေးမြူထားသော ရေထွက်ပစ္စည်းများဖြစ်သည့် တီလားဗီးယား၊ ငါးဖန်းမ၊ ငါးများကို အခြောက်လှန်း၍ ငါးဆားနယ်အဖြစ်ပြုလုပ်ကာ လာရောက်ရောင်းချကြကြောင်း လေ့လာသိရှိရပါသည်။

    ၂၀၂၃ခုနှစ်၊ ဇူလိုင်လ(ဒုတိယပတ်)အတွင်း မကွေးမြို့၊ မြို့မစျေး၌ ရောင်းချလျက်ရှိသောကုန်စျေးနှုန်းများမှာ ပုစွန်ခြောက်(၁)ပိဿာလျှင် ကျပ်(၆၀၀၀၀)မှ ကျပ်(၆၅၀၀၀)၊ ငါးရံ့ခြောက် (၁)ပိဿာလျှင် ကျပ်(၆၀၀၀၀)မှ ကျပ်(၇၀၀၀၀)၊ ငါးနီတူခြောက်(၁)ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ ငါးကြင်းငါးပိကောင်(၁)ပိဿာလျှင် ကျပ်(၁၀၀၀၀)၊ ငါးမင်းသားခြောက်(၁)ပိဿာလျှင် ကျပ်(၁၈၀၀၀)၊ ငါးရံ့လုံး(၁)ပိဿာလျှင် ကျပ်(၅၅၀၀၀)၊ ငါးမဲလုံး(၁)ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ ငါးဖောင်ရိုး(၁)ပိဿာလျှင် ကျပ်(၁၂၀၀၀)မှ ကျပ်(၁၆၀၀၀)၊ မီးသံသွယ်(၁)ပိဿာလျှင် ကျပ်(၁၅၀၀၀)မှ ကျပ်(၁၈၀၀၀)အထိ အသီးသီးအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း စျေးသည်များထံမှသိရှိရပါသည်။

DOCA(မကွေး)