တာချီလိတ်ကုန်သွယ်ရေးစခန်းနှင့် ကျိုင်းတုံ ပို့ကုန်/သွင်းကုန်ရုံး၏ ဇူလိုင်လပထမပတ်အတွင်း ကုန်သွယ်မှုအခြေအနေများမှာ တာချီလိတ်နယ်စပ်(မယ်ယန်း)မှတစ်ဆင့် အမေရိကန်ဒေါ်လာ (၁၄၆၂၅၀.၇၇)တန်ဖိုးဖြင့် ကျွန်းသစ် 6-19X0.5-2X6-25.5 (၇၆)မက်ထရစ်တန်၊ အမေရိကန်ဒေါ်လာ (၇၂၀၀၂.၉၅)တန်ဖိုးဖြင့် ကျွန်းသစ် 10-14X10-14X10-24.5 (51)မက်ထရစ်တန်၊ အမေရိကန်ဒေါ်လာ (၄၄၇၉၆.၈၉)တန်ဖိုးဖြင့် ကျွန်းသစ် 6-9X6-9X10-23 (43)မက်ထရစ်တန်၊ အမေရိကန်ဒေါ်လာ (၄၂၃၉၅.၀၀)တန်ဖိုးဖြင့် ကျွန်းသစ် 4X0.5-2X1-5.5 (31)မက်ထရစ်တန်၊ အမေရိကန်ဒေါ်လာ (၃၇၉၂၃.86)တန်ဖိုးဖြင့် ကျွန်းသစ် 4X0.5-2X6-18.5 (23)မက်ထရစ်တန်၊ အမေရိကန်ဒေါ်လာ (28826.82)တန်ဖိုးဖြင့် ကျွန်းသစ် Conversion 1-15X0.5-1.5X1 (42)မက်ထရစ်တန်၊ အမေရိကန်ဒေါ်လာ (27846.00)တန်ဖိုးဖြင့် လက်ဖက်ခြောက် (၇၁၄၀၀)kg ၊ အမေရိကန်ဒေါ်လာ (၂၇၄၆၅.၃၇) တန်ဖိုးဖြင့် ကျွန်းသစ် 5X0.5-2X6-16.5 (15)မက်ထရစ်တန်၊ အမေရိကန်ဒေါ်လာ (26031.08) တန်ဖိုးဖြင့် ရေသန့်ဗူး (၂၀၀၀၀၀)kg ၊ အမေရိကန်ဒေါ်လာ (26031.08)တန်ဖိုးဖြင့် ပလပ်စတစ်ရေသန့်ဗူး (၂၀၀၀၀၀)kg တို့ကိုတင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ (၈၃၁၆၉၂.၈၀)တန်ဖိုးဖြင့် ဒီဇယ်ဆီ (၁၆၂၄၄)ပေပါ၊ အမေရိကန်ဒေါ်လာ (၄၆၄၀၀၀.၀၀) တန်ဖိုးဖြင့် ဘိလပ်မြေ (၅၈၀၀၀၀၀)kg ၊ အမေရိကန်ဒေါ်လာ (၃၀၈၆၁၂) တန်ဖိုးဖြင့် မော်တာဓာတ်ဆီ (၆၂၇၉)ပေပါ ၊ အမေရိကန်ဒေါ်လာ (၂၆၆၄၀.၀၀)တန်ဖိုးဖြင့် အဝတ်လျှော် ဆပ်ပြာမှုန့် (၆၀၀၀၀)kg ၊ အမေရိကန်ဒေါ်လာ (၂၄၉၅၀.၄၀)တန်ဖိုးဖြင့် 100% သန့်စင်ပြီး ပဲပုတ်ဆီ (၂၄၉၅၀)kg ၊ အမေရိကန်ဒေါ်လာ (၁၃၂၀၀.၀၀) တန်ဖိုးဖြင့် သံချောင်း (၃၀၀၀၀)kg ၊ အမေရိကန်ဒေါ်လာ (၁၂၆၀၀.၀၀)တန်ဖိုးဖြင့် ကြွေထည်ပစ္စည်း (၃000)M2 ၊ အမေရိကန်ဒေါ်လာ (12000.00)တန်ဖိုးဖြင့် ကွန်ကရစ်အမိုးပြား (၅၀၀၀၀)kg ၊ အမေရိကန်ဒေါ်လာ (10500.00)တန်ဖိုးဖြင့် Activated Carbon (15000)kg တို့နှင့် အမေရိကန်ဒေါ်လာ (10000.00)တန်ဖိုးဖြင့် ပလပ်စတစ်ကြိုး (10000)kg တို့ကိုလည်း တင်သွင်းနိုင်ခဲ့ ပါတယ်။
ပို့ကုန်/သွင်းကုန်ရုံး (ကျိုင်းတုံမြို့)၏ ဇူလိုင်လပထမပတ်အတွင်း သွင်းကုန်ပစ္စည်းများမှာ အမေရိကန်ဒေါ်လာ (၀.၀၂၄)တန်ဖိုးဖြင့် ကွန်ပေါင်းဓာတ်မြေဩဇာ (၂၀၀၀၀၀)kg ၊ အမေရိကန်ဒေါ်လာ(၀.၀၁၂) တန်ဖိုးဖြင့် နေကြာစေ့ (၁၀၀၀၀)kg ၊ အမေရိကန်ဒေါ်လာ (၀.၀02)တန်ဖိုးဖြင့် Toilet Tissue Paper (2၀၀၀)kg ၊ အမေရိကန် ဒေါ်လာ (၀.၀၀2)တန်ဖိုးဖြင့် Foam Slipper (3၀၀၀)ရံ၊ အမေရိကန်ဒေါ်လာ (0.00၂) တန်ဖိုးဖြင့် Staff Doll (၁၀၀၀)ခု ၊ အမေရိကန်ဒေါ်လာ (၀.၀၀၁) တန်ဖိုးဖြင့် ပုဝါ (၁၀၀၀)ထည် တို့ကို တင်သွင်းခဲ့ပြီး ယခုတစ်ပတ်တွင် ပို့ကုန်များမရှိပါကြောင်းသတင်းရရှိပါတယ်။
ကုန်သွယ်မှုပမာဏနှိုင်းယှဉ်ချက်အနေဖြင့် မယ်ယန်းစခန်း၏ ပို့ကုန်/သွင်းကုန်များနှင့်ကျိုင်းတုံရုံး၏ ပို့ကုန်/သွင်းကုန်များမှာတော့ ယခင်အပတ်ထက်ပိုလာခဲ့ပါတယ်လို့ ကုန်သွယ်ရေးစခန်းများမှသိရှိရပါတယ်။
စားသုံးသူရေးရာဦးစီးဌာန(ရှမ်းပြည်နယ်)