Main menu

ဧရာဝတီတိုင်းဒေသကြီး၊ ပြည်ပပို့ကုန်ဖြစ်သော ငါးရှဉ့်ဈေးကွက်

Powered by Drupal

   ဧရာဝတီတိုင်းဒေသကြီးအတွင်း ပြည်တွင်း၊ ပြည်ပဈေးကွက်ဝယ်လိုအားရှိသောငါးရှဉ့်များကို ပြည်ပသို့ နှစ်ပတ်လည်တင်ပို့ရောင်းချမှုရှိသော်လည်း ပွင့်လင်းရာသီထက် ယခုကဲ့သို့သော မိုးတွင်းတွင် ငါးရှဉ့်များပိုမိုဝင်ရောက်လျက်ရှိကြောင်း ဈေးကွက်မှသိရပါသည်။

   ငါးရှဉ့်မျိုးများကိုထိန်းသိမ်းရန် ငါးလုပ်ငန်းဦးစီးဌာနမှ (၅) စင်တီမီတာလုံးပတ်အထက်သာ ဖမ်းဆီးတင်ပို့ရောင်းချခွင့်ပြုပြီး ဇွန်လမှ နိုဝင်ဘာလအထိ ဈေးကွက်မှာ တင်ပို့မှုများ၍ ဒီဇင်ဘာလနောက်ပိုင်းတွင် ငါးရှဉ့်အဝင်နည်းသွားကြောင်း၊ ပုသိမ်ဈေးကွက်မှ ပြည်ပသို့တင်ပို့သော ငါးရှဉ့်များမှာ ပါးနီ၊ ပါးမွှား (၂) မျိုးသာ Export   ဈေးကွက်သို့တင်ပို့လျက်ရှိပြီး ငါးရှဉ့်တွင် ကျန်းမာရေးအတွက် ပရိုတင်းဓာတ်ကြွယ်ဝသည့်အပြင် အာရုံကြောကောင်းမွန်၍ သတ္တုဓာတ်၊ ဗီတာမင်ဓာတ်များနှင့် သံဓာတ်များလည်းပါဝင်ကြောင်း၊ သံဓာတ်လုံလောက်မှုမရှိလျှင် ခန္ဓာကိုယ်ထဲတွင် သွေးနီဥနည်းပါး၍ ခေါင်းမူး၊ ခေါင်းကိုက်၊ အားနည်းခြင်းများဖြစ်နိုင်ကြောင်း၊ ထို့ပြင် နွားနို့၊ ဒိန်ချဉ်တို့ကဲ့သို့သော အရိုးကိုသန်မာစေသည့် Phosphorus   ဓာတ်များပါဝင်ပြီး သွေးအားကောင်း၍ ငါးရှဉ့်ကို ပြည်တွင်းစားသောက်ဆိုင်များနှင့် ဟိုတယ်စာအဖြစ် စားသုံးလျက်ရှိကြောင်း  ဈေးကွက်မှသိရပါသည်။

          ပုသိမ်မြို့ပေါ်အဝယ်ဒိုင်သို့ ပုသိမ်မြို့နယ်၊ သာပေါင်းမြို့နယ်၊ ငပုတောမြို့နယ်များရှိ ကျေးရွာများမှ အဝယ်ဒိုင်သို့ အဓိကလာရောက်ရောင်းချလျက်ရှိပြီး အကောင်အကြီး/အသေးပေါ်မူတည်၍ (၁) ပိဿာလျှင် (၈၀၀ဝိ/-၅၀၀ဝိ/-) ကျပ်ဈေးနှုန်းတို့ဖြင့်ဝယ်ယူကာ ဝယ်ယူထားသောငါးရှဉ့်ကို ရေနှစ်ထပ်၊ သုံးထပ်လဲလှယ်၍ ငါးရှဉ့်အသေးများကိုဖယ်ပြီး ဖော့ပုံး၊ ပလပ်စတစ်ပုံးများတွင် (၂၀/၂၅) ပိဿာထည့်သွင်း၍ ရန်ကုန်မြို့ရှိ စံပြဈေး၊ လှိုင်သာယာဈေးနှင့် အင်းစိန်မြို့နယ်၊ ကြို့ကုန်းငါးရှဉ့်အဝယ်ဒိုင်ကြီးများသို့တင်ပို့လျက် ရန်ကုန်မှတစ်ဆင့် မူဆယ်-တရုတ်နိုင်ငံသို့တင်ပို့ရောင်းချလျက်ရှိကြောင်း ပုသိမ်မြို့၊ ငါးရှဉ့်လုပ်ငန်းရှင် ဦးစိုးနိုင်ထံမှ သိရှိရပါသည်၊၊

DOCA(ဧရာဝတီ)