ကန့်ဘလူမြို့၊ မြို့မစည်ပင်သာယာဈေးအတွင်းရောင်းချနေသော သစ်သီးဝလံများမှာ ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့နယ်၊ မြစ်ကြီးနားမြို့နှင့် မန္တလေးမြို့တို့ရှိ သစ်သီးပွဲရုံများမှ အသီးသီးဝင်ရောက်လျက်ရှိသည်။
၂၀၂၃ခုနှစ်၊ဇူလိုင်လ၊ ဒုတိယအပတ်တွင်ဖြစ်ပေါ်လျက်ရှိသော သစ်သီးဝလံဈေးနှုန်းများမှာ ပန်းသီး (အကြွပ်) ရိုးရိုး (၁) လုံးလျှင် (၇၀၀) ကျပ်၊ ပန်းသီး (အကြွပ်) ပိုက်စွပ် (၁) လုံးလျှင် (၁၅၀၀) ကျပ်၊ ပန်းသီး (ယိုးဒယားအကြွပ်) (၁) လုံးလျှင် (၃၀၀၀) ကျပ်၊ စပျစ်သီး (အလုံးသေး) (၁) ပိဿာလျှင် (၁၂၀၀၀) ကျပ်၊ စပျစ်သီး (အလုံးလတ်) (၁) ပိဿာလျှင် (၁၄၀၀၀) ကျပ်၊ စပျစ်သီး (အလုံးကြီး) (၁) ပိဿာလျှင် (၂၀၀၀၀) ကျပ်၊ ပန်းသစ်တော်သီး (၁) လုံးလျှင် (၃၀၀၀) ကျပ်၊ ဖီးကြမ်းငှက်ပျောသီး (၁) ဖီးလျှင် (၁၀၀၀) ကျပ်၊ ခွန်စိမ်းရိုးရိုး (၁) ဖီးလျှင် (၁၀၀၀) ကျပ်မှ (၁၂၀၀) ကျပ်၊ ဖရဲသီး (၁) လုံးလျှင် (၂၅၀၀) ကျပ်မှ (၃၀၀၀) ကျပ်၊ ကြက်မောက်သီး (၁) တွဲလျှင် (၂၀၀၀ )ကျပ် ၊ပတ္တမြားငမောက်သရက်သီး (၁) လုံးလျှင် (၅၀၀) ကျပ်၊ နာနတ်သီး (အသေး) (၁) လုံးလျှင် (၁၀၀၀) ကျပ်၊ နာနတ်သီး (အကြီး) (၁) လုံးလျှင် (၁၅၀၀) ကျပ်၊ လိမ္မော်သီး (၁) ပိဿာလျှင် (၁၂၀၀၀) ကျပ် ၊နဂါးမောက်သီး (၁) လုံးလျှင် (၅၀၀) ကျပ်မှ (၁၀၀၀) ကျပ်၊ သခွားမွှေး (၁) လုံးလျှင် (၃၀၀၀) ကျပ်နှင့် နှင်းသီး (၁) ပိဿာလျှင် (၁၂၀၀၀) ကျပ်တို့ဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း မြို့မစည်ပင်သာယာဈေးအတွင်း ရောင်းချသောသစ်သီးဆိုင်များမှ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)