Main menu

အခြေခံစားကုန်ဖြစ်သော ကြက်သွန်နီလက်လီဈေးနှုန်းအနည်းငယ်ကျ

Powered by Drupal

  ကရင်ပြည်နယ်၊ ဘားအံမြို့၊ ရေပေါ်ဈေးတွင် အခြေခံစားသောက်ကုန်များ၏ နေ့စဉ်ကုန်ဈေးနှုန်းအခြေအနေများကို ကွင်းဆင်းကောက်ယူစာရင်းပြုစုလျက်ရှိရာ (၁၃-၇-၂၀၂၃) ရက်‌နေ့၏ ကွင်းဆင်းကောက်ယူမှုအရ ကြက်သွန်နီလက်လီဈေးနှုန်းအနည်းငယ်ကျဆင်းခဲ့ကြောင်းသိရသည်။

    ယခင်လတွင် ဈေးကွက်၌ ကြက်သွန်နီ (မြစ်သား) အလတ်စ ၁ပိဿာလျှင် လက်လီဈေး ၂၇၀၀ကျပ်၊ ၁၀ ပိဿာအိတ်ဆွဲတစ်တွဲလျှင် ၂၅၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သော်လည်း ယခုဇူလိုင်လ၊ ပထမအပတ်နှင့် ဒုတိယအပတ်အတွင်း ဈေးနှုန်းများပြန်လည်ကျဆင်းခဲ့ရာ (၁၃-၇-၂၀၂၃) ရက်နေ့၏ စာရင်းကောက်ယူမှုအရ လက်လီ ၁ပိဿာဈေးနှုန်းမှာ ၂၅၀၀ကျပ်နှင့် ၁၀ပိဿာအိတ်ဆွဲတစ်ဆွဲလျှင် ၂၃၀၀၀ကျပ်တို့ဖြစ်၍ ဈေးနှုန်းကျဆင်းခဲ့ကြောင်းသိရပါသည်။

    စာရင်းဇယားများအရ ကရင်ပြည်နယ်အတွင်း ကြက်သွန်နီဈေးနှုန်းများမှာ ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလအတွင်း ၁ပိဿာလျှင် ၄၅၀၀ကျပ်မှာ ဈေးနှုန်းအမြင့်ဆုံးဖြစ်ခဲ့ပြီး ယခုနှစ် ဧပြီလ၊ သင်္ကြန်မတိုင်မီအချိန်တွင်  ၁ပိဿာလျှင် ၁၂၅၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ကရင်)