Main menu

ဘားအံမြို့နယ်အတွင်း မိုးစပါးများ ဆက်လက်စိုက်ပျိုးလျက်ရှိ

Powered by Drupal

  ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် မိုးစပါးစိုက်ပျိုးရာသီအတွင်း ကရင်ပြည်နယ်တွင် မိုးစပါးများ စိုက်ပျိုးလျက်ရှိရာ  ၂၀၂၃ ခုနှစ်ဇူလိုင်လတွင် ကရင်ပြည်နယ် ၊ တောကြီးကုန်း ကျေးရွာ၌ မိုးစပါး များ ဆက်လက်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

    ကရင်ပြည်နယ်၏ သီးနှံပြက္ခဒိန်အရ မိုးစပါးစိုက်ပျိုးကာလမှာ မေလနောက်ဆုံးအပတ်မှ ဇူလိုင်လကုန်အထိ ဖြစ်ပြီး သီးနှံရိတ်သိမ်းချိန်နှင့် မိုးရေရရှိမှုအပေါ်မူတည်၍ တစ်နေရာနှင့် တစ်နေရာ စိုက်ပျိုးမှုမတူညီကြောင်းနှင့် ရိတ်သိမ်းချိန်နောက်ကျခြင်းခြင်းနှင့် မိုးရေရရှိမှု နည်းပါးသောဒေသများတွင် စက်ဖြင့်ရေတင်၍ ဇူလိုင်လကုန်အပြီး စိုက်ပျိုးကြကြောင်း သိရသည်။

     ကရင်ပြည်နယ်တွင်  ပြည်နယ်ချုပ် မိုးစပါးစိုက်ဧက ၄၂၅၈၈၄ ဧကခန့် ရှိ၍ တစ်ဧကလျှင် ပျမ်းမျှ အထွက်နှုန်း ၆၈ .၈၈ တင်းခန့်ရှိကာ၊ ၁ ဧက ကုန်ကျစရိတ် ၇ သိန်းခန့် ကုန်ကျ ကြောင်းနှင့် ဒေသနှင့်ကိုက်ညီသော ဆင်းသုခစပါးအား အများဆုံးစိုက်ပျိုးကြပြီး  ကရင်ပြည်နယ် ဒေသထွက် ဆင်းသုခစပါးအား ဆန်အရည်အသွေးနှင့် ဆန်သားထွက်ရှိမှု ကောင်းသောကြောင့် အခြားတိုင်းဒေသကြီး/ပြည်နယ်များမှ ဝယ်လိုအားများပြားခဲ့ကာ ၂၀၂၃ ခုနှစ်အတွင်း ကရင်ပြည်နယ်ထွက် ဧည့်မထ စပါးဈေးနှုန်းမှာ တင်း ၁၀၀  လျှင် ၁၈ သိန်း ၅ သောင်းထိ ဈေးနှုန်းဖြစ်ပေါ်ခဲ့ကြောင်းနှင့် ဈေးကွက်အတွင်း စပါးပြတ်လပ်သည်အထိ ဈေးကွက်ဖြစ်ပေါ်ခဲ့ ကြောင်းသိရသည်။

DOCA(ကရင်)