Main menu

ညောင်လေးပင်မြို့နယ်တွင် သက်သာသောဈေးနှုန်းဖြင့် ဆန်၊ ဆီ၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်နှင့် အသား၊ ငါးများ ရောင်းချ

Powered by Drupal

    ပဲခူးတိုင်းဒေသကြီး (အရှေ့) ညောင်လေးပင်ခရိုင် ၊ ညောင်လေးပင်မြို့နယ်တွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်မွေးမြူသူများ တိုက်ရိုက်အရောင်းဆိုင်တွင် ဆန်၊ ဆီ၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်နှင့် အသားငါးများကို (၂၁.၆.၂၀၂၃)ရက်နေ့မှစတင်၍ သက်သာသောနှုန်းထားဖြင့် ရောင်းချပေးလျက်ရှိပါသည်။

   ထိုသို့ရောင်းချပေးရာတွင် အခြေခံလူတန်းစားများအတွက် လူတစ်ဦးလျှင် ဆန်(၂)ပြည်၊ ဆီ(၅၀) ကျပ်သား၊ ကြက်ဥ (၅) လုံးနှုန်းဖြင့် ရောင်းချပေးကြောင်း၊ ဆန်တစ်ပြည်လျှင်(၂၆၀၀)ကျပ်၊ ဆီ တစ်ပိဿာလျှင်(၅၀၀၀)ကျပ်၊ ကြက်ဥတစ်လုံးလျှင် (၂၄၀)ကျပ်၊ ကြက်သားတစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်၊ ဝက်သားတစ်ပိဿာလျှင်(၁၄၀၀၀)ကျပ်၊ အမဲသားတစ်ပိဿာလျှင်(၁၁၀၀၀)ကျပ်၊ ဆိတ်သား တစ်ပိဿာလျှင်(၁၉၀၀၀)ကျပ်၊ ငါး(ငါးမြစ်ချင်း)တစ်ပိဿာလျှင်(၅၈၀၀)ကျပ်နှုန်းဖြင့် ‌ရောင်းချပေးလျက်ရှိပြီး ဟင်းသီးဟင်းရွက်များကိုလည်း ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာ ရောင်းချပေးလျက်ရှိနေပါသဖြင့် နေ့စဉ်နှင့်အမျှ ဝယ်ယူသူများ ကြိတ်ကြိတ်တိုး စည်ကားလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)