Main menu

ပဲခူးရိုးမတောင်ပေါ်မှ ဒေသအစားအစာမျှစ်များ ဖြူးမြို့တွင် ရောင်းအားကောင်း

Powered by Drupal

    ယခုလို မိုးရာသီအချိန်တွင် ပဲခူးရိုးမတောင်ပေါ်ရှိ ဝါးတောများ၌ မျှစ်အဆုံတိုလေးများ၊ မျှစ်နုများ များစွာထွက်ရှိပါသည်။ ပဲခူးရိုးမဒေသ အနီးတဝိုက်မှ ရွာသူရွာသားများသည် ရိုးမကို အမှီပြု၍ မျှစ်ချိုးမျှစ်တူး၍ အလုပ်ဖြစ်နေကြပါသည်။

      မျှစ်တူးရာတွင် ဝါးတောများ၌ ဘေးကင်းစွာကြည့်ရှု၍ တူးယူကြရပါသည်။ တူးယူရရှိ သော မျှစ်အဆုံတိုလေးများကို အိုးများဖြင့် တစ်ခါပြုတ်ပြီးတစ်မျိုး၊ အစိမ်းလိုက်တစ်မျိုးဖြင့် ရောင်း ချကြပါသည်။

      မျှစ်အဆုံတိုလေးများကို တစ်ပိဿာလျှင် ၂၀၀၀ ကျပ်၊ ခြစ်ပြီးသား တစ်ပိဿာလျှင် ၃၀၀၀ ကျပ်ဖြင့် ဖြူးမြို့၊ စည်ပင်သာယာဈေးကြီးသို့ လာရောက်ရောင်းချကြပါသည်။ ယခင်နှစ်က မျှစ်တစ်ပိဿာလျှင် ၁၀၀၀ ကျပ်မှ ၁၅၀၀ ကျပ်အထိသာရှိပါသည်။

      ယခင်နှစ်က မျှစ်ချိုးသူများပြီး ယခုနှစ်တွင် မျှစ်ချိုးသူနည်းပါးကြောင်း သိရပါသည်။ မျှစ်မှာ မိုးရာသီတွင်သာ ထွက်ရှိသောဒေသအစားအစာတစ်မျိုးဖြစ်၍ ရောင်းအားကောင်းကြောင်း သိရပါသည်။

DOCA(ပဲခူး)