Main menu

တောင်ကြီးမြို့ပေါ်ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

Powered by Drupal

    ရှမ်းပြည်နယ် (တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၃ခုနှစ်၊ ဇူလိုင်လ (၁၇) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင်  တောင်ကြီးမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/ကျောင်းသူများသိသင့်သိထိုက်သော အသိပညာဗဟုသုတများရရှိစေရန်အတွက် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

    ရှေးဦးစွာ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်စံပယ်စိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ ဒေါ်ဝေဝေနှင်း (လက်ထောက်ညွှန်ကြားရေးမှူး) က စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားခြင်း၊ ဒေါ်မွန်မွန်သီတာထွန်းမြင့် (ဒုတိယဦးစီးမှူး) က စားသုံးသူအဓိပ္ပါယ်၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၉) ပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ အခန်း (၁၀) ပါ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်းနှင့် စားသုံးသူထိခိုက်နစ်နာဆုံးရှုံးဖြစ်ပေါ်လာပါက တိုင်ကြားနိုင်မည့်ပုံစံနည်းစနစ်များအကြောင်းတို့ကို ဟောပြောဆွေးနွေးခဲ့ကာ တက်ရောက်လာသောဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၏သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

    အဆိုပါအခမ်းအနားသို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ (၂၅၀) ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)