Main menu

ပြည်မြေပဲဆံ ယခင်နှစ်ထက်ဈေးပိုလာ

Powered by Drupal

    ပြည်ခရိုင်တွင် ဇွန်၊ ဇူလိုင်လမှစတင်၍ မိုးမြေပဲများစတင်စိုက်ပျိုးရာ စိုက်ဧကမှာ (၁၅၀၀) ကျော်ခန့် စိုက်ပျိုးပြီးဖြစ်ကြောင်း သိရပါသည်။ မိုးမြေပဲများကို လာမည့် ဩဂုတ်လနှင့် စက်တင်ဘာလ တို့တွင် စတင်ထွက်ပေါ်လာမည်ဖြစ်ပါသည်။ ယခုအချိန်ပြည်ဈေးကွက်သို့ ကံမဘက် မှ ဝင်ရောက် လျှက်ရှိပြီး တစ်နေ့လျှင် အိတ် (၁၅၀)ခန့်သာ ဝင်ရောက်လျက်ရှိကြောင်း သိရပါသည်။ ဝင်ရောက် လာသောမြေပဲဆန်များကို ဆီစက်သမားများနှင့် ပဲကြော်၊ ပဲလှော်သမားများက ဝယ်ယူမှုရှိ သဖြင့် ပြည်ဈေးကွက်တွင် ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ မြေပဲဆံကို ဆီကြိတ်၍ စားသုံးကြသလို မုန့်ပဲသရေစာများတွင် ထည့်သွင်း၍လည်း စားသုံးကြပါသည်။ မြေပဲဆံကို လူအတော်များများ စားသုံးမှုများသည့်အတွက် ဈေးကွက်တွင်အရောင်းအဝယ်ဖြစ်သလို ဈေးနှုန်းအနေဖြင့်လည်း မြင့်တက် လာခဲ့ပါသည်။ ယခင်နှစ် ၂၀၂၂ခုနှစ် ဇူလိုင်လဒုတိယပတ်တွင် မြေပဲဆီဆံ (အဖြူ၊ အနီ)တစ်ပိဿာလျှင် (၄၂၀၀)ကျပ်၊ လုံးဆံ(အဖြူ၊ အနီ)တစ်ပိဿာလျှင် (၄၄၀၀)ကျပ် ဈေးဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပါသည်။ ယခုနှစ် ဇူလိုင်လဒုတိယပတ်တွင် မြေပဲဆီဆံ(အဖြူ) တစ်ပိဿာလျှင် (၆၃၀၀)ကျပ်၊ (အနီ)တစ်ပိဿာလျှင် (၇၀၀၀)ကျပ်ဈေးထိမြင့်လာခဲ့သဖြင့် ယခင်နှစ်ထက်စာရင် မြေပဲဆီဆံဈေးမှာ တစ်ပိဿာလျှင် (၃၀၀၀)ကျပ်အထိ ဈေးမြင့်တက်ခဲ့သလို လုံးဆံဈေးမှာလည်း (အဖြူ)တစ်ပိဿာလျှင် (၆၅၀၀)ကျပ်၊ (အနီ)တစ်ပိဿာလျှင် (၈၅၀၀)ကျပ် ဖြင့် ရောင်းချသဖြင့် ယခင်နှစ်ထက်စာလျှင် တစ်ပိဿာကို (၄၀၀၀)ကျပ်အထိ ဈေးနှုန်းများမြင့် တက်လာခဲ့ပါသည်။ မြေပဲဆီဈေးများမှာ ၂၀၂၂ ခုနှစ် ဇူလှိုင်လဒုတိယပတ်တွင် တစ်ပိဿာလျှင် (၉၅၀၀)ကျပ်ဖြစ်ခဲ့ပြီး ယခုနှစ် ဇူလိုင်လဒုတိယပတ်တွင် တစ်ပိဿာလျှင် (၁၃၅၀၀)ကျပ်ဖြင့် တစ်ပိဿာကို (၄၀၀၀)ကျပ်အထိဈေးများ မြင့်တက်လာခဲ့ပါသည်။

DOCA(ပဲခူး)