Main menu

ယူကရိန်းနိုင်ငံ၏ ပေးသွင်းနိုင်မှုအပေါ် ထိခိုက်ခြင်းက ကောက်ပဲသီးနှံဈေးနှုန်းများ မြင့်တက်စေခဲ့

Powered by Drupal

ပင်လယ်နက်ဒေသ ကောက်ပဲသီးနှံဆိုင်ရာ သဘောတူညီချက်အား ရုရှားနိုင်ငံဘက်မှ သက်တမ်းတိုးမြှင့်ခြင်းမပြုပဲ အဆုံးသတ်ခဲ့ပြီးနောက် ယူကရိန်းဆိပ်ကမ်းများအား တိုက်ခိုက်မှုများ တိုးမြင့်လာနိုင်ကြောင်း ခန့်မှန်းချက်များ မြင့်တက်လာမှုနှင့်အတူ ချီကာဂိုဈေးကွက်၌  ဂျုံ ကြိုတင်ရောင်းဝယ်မှု ဈေးနှုန်းများမှာ ဇူလိုင်လ ၂၀ ရက်နေ့တွင် ၁.၆% မြင့်တက်ခဲ့ပြီး ရက်သတ္တသုံးပတ်အတွင်း အမြင့်ဆုံးနှုန်းထားသို့ ရောက်ရှိခဲ့ပါသည်။ အလားတူ ပြောင်းဈေးနှုန်းသည်လည်း ၁% ကျော် မြင့်တက်ခဲ့သည်။

ယူကရိန်းနိုင်ငံ Odesa ဆိပ်ကမ်းရှိ အခြေခံအဆောက်အအုံများအပေါ် ရုရှားနိုင်ငံ၏ ညတွင်းချင်း တိုက်ခိုက်မှုက လုံခြုံမှုအာမခံချက်မရှိပဲ ပင်လယ်နက်ဒေသ၌ ကုန်သွယ်စီးဆင်းမှုကို ထိန်းသိမ်းဆောင်ရွက်ခြင်းမှာ ဘေးအန္တရာယ်ရှိသည်ဟု သတိပေးလျက်ရှိကြောင်း Fitch Group ၏ သုတေသနယူနစ်တစ်ခုဖြစ်သော BMI Research က ဖော်ပြခဲ့သည်။

ချီကာဂို ကုန်သွယ်ရေးဘုတ်အဖွဲ့ (CBOT) ၌ လှုပ်ရှားမှုအများဆုံးဖြစ်သော ဂျုံဈေးနှုန်း သည် ၎င်းနေ့ ဂရင်းနစ်အချိန် ၀၂း၀၃ နာရီတွင် ၁ ဘူရှယ်၏ လေးပုံတစ်ပုံလျှင် ၇.၃၉ ဒေါ်လာနှုန်း ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယမန်နေ့ (ဗုဒ္ဓဟူးနေ့) ၌ ၈% မြင့်တက်ခဲ့ပြီးနောက် ၁.၆% ထပ်မံ၍ မြင့်တက်လာခြင်းဖြစ်သည်။ ၎င်းဂျုံဈေးနှုန်းသည် ဇွန်လ ၂၇ ရက်နေ့၌ ၁ ဘူရှယ်၏ လေးပုံသုံးပုံ လျှင် ၇.၃၉ ဒေါ်လာနှုန်း ပေါက်ဈေးရှိရာမှ အမြင့်ဆုံးသို့ ရောက်ရှိလာခြင်းလည်းဖြစ်သည်။ ပြောင်းဈေးနှုန်းသည် ၁ ဘူရှယ်၏ လေးပုံတစ်ပုံလျှင် ၅.၅၉ ဒေါ်လာနှုန်းဖြင့် ယမန်နေ့ထက် ၁.၁% မြင့် တက်ခဲ့ကြောင်း၊ ပဲပုပ်စေ့ ဈေးနှုန်းမှာမူ ၁ ဘူရှယ်၏ လေးပုံသုံးပုံလျှင် ၁၄.၀၈ ဒေါ်လာနှုန်းဖြင့် ပြောင်းလဲမှုမရှိပဲ ဈေးနှုန်းတည်ငြိမ်နေခဲ့ကြောင်းဖြင့် ရိုက်တာသတင်းဌာနက ဖော်ပြပါသည်။ (၁ ဘူရှယ် = ၈ ဂါလံ)

ပင်လယ်နက်ဒေသ ကောက်ပဲသီးနှံဆိုင်ရာ သဘောတူညီချက်ကို ရပ်စဲခဲ့အပြီး၌ ရုရှား၏ ညလုံးပေါက်တိုက်ခိုက်မှုများကြောင့် Odesa ဒေသ၏ အနောက်တောင်ပိုင်းရှိ Chornomorsk ဆိပ်ကမ်းတွင် ကောက်ပဲသီးနှံတင်ပို့မှုဆိုင်ရာ အခြေခံအဆောက်အအုံများနှင့်အတူ သီးနှံတန်ချိန် ၆၀၀၀၀ ထိခိုက်ပျက်စီးခဲ့ကြောင်း ယူကရိန်းစိုက်ပျိုးရေးဝန်ကြီး Mykola Solsky က ပြောကြားခဲ့ သည်။

Source: Business Recorder, 20 Jul 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)