Main menu

ဈေးကွက်အတွင်း ဆေးဝါး၊ ဆေးပစ္စည်းနှင့် အထောက်အကူပြုပစ္စည်းများ သတ်မှတ်အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်စေရေး ကွင်းဆင်းစစ်ဆေး

Powered by Drupal

        လွိုင်ကော်မြို့ပေါ်ရှိ ဆေးဆိုင်များ၌ ဆေးဝါး၊ ဆေးပစ္စည်းနှင့် ကျန်းမာရေးအထောက် အကူပြုပစ္စည်းများအား သတ်မှတ်အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်စေရေးအတွက် ကယားပြည်နယ် ဆေးဝါးနှင့် ဆေးပစ္စည်းများ ဈေးကွက်စောင့်ကြည့်စစ်ဆေးကြပ်မတ်ရေး အဖွဲ့မှ ကွင်းဆင်းစိစစ်ခြင်းကို ဩဂုတ်လ (၁၂)ရက်နေ့၊ နံနက်(၁ဝးဝဝ)အချိန်တွင် ရွှေတောင် ရပ်ကွက်နှင့် ဈေးပိုင်းရပ်ကွက်ရှိ ဆေးဆိုင်များ၌လည်းကောင်း၊ ဩဂုတ်လ(၁၃)ရက်နေ့၊ နံနက်(၁ဝးဝဝ)နာရီအချိန်တွင် မင်းစုရပ်ကွက်နှင့် မိုင်းလုံးရပ်ကွက်တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

          ကွင်းဆင်းစစ်ဆေးရာတွင် ပုံမှန်ဆေးဝါးရောင်းချနေသော ဆိုင်များမှ အချို့ဆိုင်များမှာ Covid-19 ရောဂါစိုးရိမ်မှုများရှိ၍ ယာယီပိတ်ထားသည်ကို တွေ့ရှိရပြီး၊ ဖွင့်လှစ်ရောင်းချနေ သော ဆိုင်များ၌လည်း ဖျားနာ၊ အကိုက်အခဲပျောက်ဆေး၊ ချောင်းဆိုးပျောက်ဆေး၊ နှာစေး ပျောက်ဆေး၊ ပိုးသတ်ဆေး၊ သွေးကြဲဆေးများကို ဝယ်ရင်းဈေးနှင့် အနည်းငယ်ခွါပြီး ရောင်းချ လျက်ရှိကြောင်း၊ ဆေးဝါးအချို့မှာလည်း ဝယ်လိုအားမြင့်မားလာခြင်း၊ ဝယ်ရင်းဈေးမြင့်တက် ခြင်းများ ရှိသဖြင့် ဈေးနှုန်းမြင့်တက်လာရခြင်းဖြစ်ပြီး ဈေးနှုန်းအဆမတန် မြင့်တက်ခြင်းမရှိ ကြောင်း တွေ့ရပြီး ဆေးဝါးအရောင်းဆိုင်များအနေဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကုန်စည်များအပေါ် တားမြစ်မိန့်ထုတ်ပြန်ခြင်း၊ အမိန့်ကြော်ငြာစာအမှတ်(၂၁/၂၀၂၁)အား သိရှိလိုက်နာဆောင်ရွက်ကြရန် အသိပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။