Main menu

ရွှေဘိုခရိုင်အတွင်း စပါး/ဆန်ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

Powered by Drupal

    ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ၊ ‌တတိယအပတ်တွင် စပါး/ဆန်ဈေးနှုန်းများတည်ငြိမ်နေပါသည်။ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဇူလိုင်လ၊အ ဒုတိယပတ်တွင်  ရန်ကုန်သို့ အိတ်ရေ ၁၄၅၀၀အိတ်၊ မန္တလေးသို့ အိတ်ရေ ၂၇၉၀၀အိတ်၊ နေပြည်တော်သို့ အိတ်ရေ ၆၅၀၀အိတ်၊ ရှမ်း (တောင်) သို့ အိတ်ရေ ၅၀၀၀အိတ်၊ ရှမ်း (မြောက်) သို့ အိတ်ရေ ၅၀၀၀အိတ်၊ ပခုက္ကူသို့ အိတ်ရေ ၆၀၀အိတ်၊ စုစုပေါင်းအိတ်ရေ ၅၉၅၀၀အိတ်၊ တန်အားဖြင့် ၂၉၇၅တန်စီးထွက်ခဲ့ပါသည်။ ဇူလိုင်လ၊ တတိယအပတ်တွင် ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၁၅၅၀၀အိတ်၊ မန္တလေးသို့ အိတ်ရေ ၂၅၄၀၀အိတ်၊ နေပြည်တော်သို့ အိတ်ရေ ၆၀၀၀အိတ်၊ ရှမ်း (တောင်) သို့ အိတ်ရေ ၄၅၀၀အိတ်၊ ရှမ်း (မြောက်) သို့ အိတ်ရေ ၄၅၀၀အိတ်၊ ပခုက္ကူသို့ အိတ်ရေ ၆၀၀အိတ်၊ စုစုပေါင်းအိတ်ရေ ၅၆၅၀၀အိတ်၊ တန်အားဖြင့် ၂၈၂၅တန်စီးထွက်ခဲ့၍ ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ယခုအပတ်အတွင်း အိတ်ရေ ၃၀၀၀အိတ်၊ တန်အားဖြင့် ၁၅၀တန်လျော့၍ စီးထွက်ခဲ့ပါသည်။

    ဇူလိုင်လ၊ တတိယအပတ်တွင် ဖြစ်ပေါ်နေသောစပါး/ဆန် ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းစပါးတင်း၁၀၀လျှင် ကျပ်၂၉၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်းဆန်၂၄ပြည်ပါတစ်အိတ်လျှင် ကျပ်၁၀၀၀၀၀၊ ဧရာမင်းစပါးတင်း၁၀၀လျှင် ကျပ်၂၅၀၀၀၀၀၊ ဧရာမင်းဆန်၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၀၀၀၀၀နှင့် (၂၀၂၂-၂၀၂၃) ခုနှစ်  ရွှေဝါထွန်း (နွေစပါး) တင်း၁၀၀လျှင် ကျပ် ၁၅၅၀၀၀၀နှင့် ရွှေဝါထွန်းဆန်၂၄ပြည်ပါတစ်အိတ်လျှင် ကျပ်၆၄၀၀၀တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)