Main menu

ရွှေဘိုမြို့၌ စက်သုံးဆီဈေးနှုန်းများ အနည်းငယ်မြင့်တက်

Powered by Drupal

    မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း/သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှာ တိုင်းဒေသကြီး/ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။

   ရွှေဘိုမြို့ရှိ စက်သုံးဆီဆိုင် (၁၉) ဆိုင်တို့မှာ ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၃ခုနှစ်၊ ဇူလိုင်လ၊ ဒုတိယအပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ (92) တစ်လီတာလျှင် (၂၀၇၅) ကျပ်၊ ဓာတ်ဆီ (95) တစ်လီတာလျှင် (၂၁၉၅) ကျပ် ၊ ဒီဇယ် (ရိုးရိုး) တစ်လီတာလျှင် (၂၁၂၀) ကျပ်နှင့် ဒီဇယ် (ပရီမီယမ် )တစ်လီတာလျှင် (၂၂၀၀) ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်းသိရသည်။

    ယခုဇူလိုင်လ၊အ တတိယပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ (92) တစ်လီတာလျှင် (၂၁၃၅)ကျပ်၊ ဓာတ်ဆီ (95) တစ်လီတာလျှင် (၂၂၅၀) ကျပ်၊ ဒီဇယ် (ရိုးရိုး) တစ်လီတာလျှင် (၂၁၃၅) ကျပ်နှင့် ဒီဇယ် (ပရီမီယမ်) တစ်လီတာလျှင် (၂၂၁၅) ကျပ်တို့ဖြင့် ရောင်းချနေသောကြောင့် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ဓာတ်ဆီ (92) တစ်လီတာလျှင် (၆၀) ကျပ်၊ ဓာတ်ဆီ (95) တစ်လီတာလျှင် (၅၅) ကျပ်၊ ဒီဇယ် (ရိုးရိုး) တစ်လီတာလျှင် (၁၅) ကျပ်နှင့် ဒီဇယ် (ပရီမီယမ်) တစ်လီတာလျှင် (၁၅) ကျပ်တို့ဖြင့် ဈေးနှုန်းအသီးသီးမြင့်တက်လျက်ရှိကြောင်း စက်သုံးဆီဆိုင်များမှသတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)