Main menu

ရွှေဘိုမြို့၌ စားသုံးဆီဈေးများ အနည်းငယ်ကျဆင်း

Powered by Drupal

  စီးပွား‌‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် အခြေခံစားကုန်ဈေးနှုန်းများကို အပတ်စဉ် မေးမြန်းတင်ပြလျက်ရှိရာ ရွှေဘိုမြို့တွင် စားသုံးဆီဈေးနှုန်းများအနည်းငယ်ကျဆင်းလျက်ရှိကြောင်း စားသုံးဆီအရောင်းဆိုင်များမှသိရသည်။

   ရွှေဘိုမြို့ပေါ်တွင် စားသုံးဆီလက်လီ/လက်ကားရောင်းချသောဆိုင် (၁၂) ဆိုင်ရှိပြီး ၂၀၂၃ခုနှစ်၊ ဇူလိုင်လ၊ ဒုတိယအပတ်တွင် စားအုန်းဆီတစ်ပိဿာလျှင် (၈၀၀၀) ကျပ်၊ ပဲဆီသန့်တစ်ပိဿာလျှင် (၁၅၀၀၀) ကျပ်နှင့် နှမ်းဆီသန့်တစ်ပိဿာလျှင် (၁၅၀၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုဇူလိုင်လ၊ တတိယအပတ်တွင် စားအုန်းဆီတစ်ပိဿာလျှင် (၇၂၅၀) ကျပ်၊ ပဲဆီသန့်တစ်ပိဿာလျှင် (၁၅၀၀၀) ကျပ်နှင့် နှမ်းဆီသန့်တစ်ပိဿာလျှင် (၁၅၀၀၀) ကျပ်တို့ဖြင့်အရောင်းအဝယ်ဖြစ်နေသဖြင့် ယခင်ပတ်နှင့် ယခုအပတ်တို့၏ စားသုံးဆီတစ်ပိဿာဈေးနှုန်းတို့ကိုနှိုင်းယှဉ်ကြည့်ပါက စားအုန်းဆီတစ်ပိဿာလျှင် (၇၅၀) ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းခဲ့ကြောင်းနှင့် ပဲဆီသန့်နှင့် နှမ်းဆီသန့်ဈေးနှုန်းများမှာ ယခင်ပတ်နည်းတူ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း  စားသုံးဆီလက်ကားဆိုင်များမှသတင်း ရရှိပါသည်။

DOCA(စစ်ကိုင်း)