Main menu

ကမ္ဘာ့ စားအုန်းဆီ ဈေးနှုန်း မြင့်တက်လာခြင်း အကြောင်းအရင်းများ

Powered by Drupal

ရက်စွဲ၊    ၂၅ - ၇ - ၂၀၂၃

           အိန္ဒိယနိုင်ငံသည် စားအုန်းဆီ အများဆုံးတင်သွင်းသည့်နိုင်ငံဖြစ်ပြီး မေလတွင် တန်ချိန် ၄ သိန်းခန့်တင်သွင်းလျက်ရှိရာမှ ဇွန်လမှစပြီး တန်ချိန် ၇ သိန်းခန့် အထိ တိုးမြင့် တင်သွင်းလာခြင်းသည် ဈေးနှုန်းမြင့်တက်လာခြင်း အကြောင်းအရင်းတစ်ရပ်ဖြစ်ပါသည်။

          ထို့အပြင် ရုရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံတို့အကြား ချုပ်ဆိုထားသော ကောက်ပဲသီးနှံ ဆိုင်ရာ သ‌ဘောတူစာချုပ်ကို ဆက်လက်သက်တမ်းတိုးနိုင်ခြင်းမရှိသည့်အတွက် အဆိုပါနှစ်နိုင်ငံက ထုတ်လုပ်သည့် နေကြာဆီတင်ပို့မှုအပေါ် အဟန့်အတား ဖြစ်ပေါ်စေပြီး စားအုန်းဆီ ဝယ်လိုအားမြင့်တက်လျက်ရှိပါသည်။  

          အမေရိကန်နိုင်ငံ၏ ပဲပုပ်ထုတ်လုပ်မှုနှင့် ရောင်းလိုအားကျဆင်းမှုတို့သည်လည်း စားအုန်းဆီဈေးနှုန်း ဆက်လက်မြင့်တက်မှုကို ဖြစ်ပေါ်စေနိုင်ကြောင်း သိရပါသည်။

          စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့တွင် ယခုနှစ်တွင် အယ်လ်နီညိုရာသီ ဖြစ်ပေါ်ကျရောက်မှုကြောင့် ဆီအုန်းအထွက်နှုန်းများ လျော့နည်းစေနိုင်ပြီး ဈေးနှုန်းများ ဆက်လက်မြင့်တက်နိုင်ဖွယ်ရှိကြောင်း သုံးသပ်ရေးသားဖော်ပြလိုက်ရပါသည်။

ITQM