Main menu

ဗန်းမော်မြို့တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်

Powered by Drupal

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးသည် (၁၈-၇-၂၀၂၃) ရက်နေ့တွင် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ဗန်းမော်မြို့၊ ခိုကျင်ကျေးရွာ၊ စိမ်းမြနီလာခန်းမ၌ ကျင်းပပြုလုပ်သော    အခြေခံစက်ချုပ်နည်းပညာသင်တန်းဆင်းပွဲအခမ်းအနားသို့သွားရောက်၍ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ပါသည်။

    အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၏ရည်မှန်းချက်၊ မျှော်မှန်းချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အခွင့်အရေး (၈) ချက်နှင့် တာဝန် (၄) ချက်၊ ဝန်ဆောင်မှုလုပ်ငန်းများ၏အာမခံချက်နှင့်စပ်လျဉ်း၍ စားသုံးသူကတောင်းဆိုနိုင်သော အခွင့်အရေးများဖြစ်သည့် ဝန်ဆောင်မှုပေးရန်ပျက်ကွက်ခဲ့မှုကြောင့် နစ်နာဆုံးရှုံးမှုဖြစ်ခဲ့လျှင် လျော်ကြေးပေးရန်နှင့် အာမခံထားသောအချိန်ကာလအတွင်း သဘောတူညီထားသောဝန်ဆောင်မှုကိုမရရှိခဲ့လျှင်စားသုံးသူ၏နစ်နာမှုအတွက် ကုစားခွင့်ပေးရန်အချက် (၂) ချက်၊ စားသုံးသူနစ်နာဆုံးရှုံးမှုအတွက် တိုင်ကြားရန်နည်းလမ်းများ၊ တိုင်ကြားခြင်းနှင့် စိစစ်ညှိနှိုင်းဖြေရှင်းဆောင်ရွက်ခြင်းတို့နှင့်ပတ်သက်၍ အသိပညာပေးခဲ့ပါသည်။ဟောပြောပွဲသို့ သင်တန်းနည်းပြဆရာမ (၃) ဦးနှင့် သင်တန်းသူ (၂၀) ဦး၊ စုစုပေါင်း (၂၃) ဦးတက်ရောက်ခဲ့ကြပါသည်။

DOCA(ကချင်)