ဝန်ထမ်းများသက်သာချောင်ချိရေး၊ အထက်အောက်အပြန်အလှန်ချစ်ကြည်ရင်းနှီး၍ လုပ်ငန်းခွင်ပျော်ရွင်စေရေး ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူး ဦးသန်းဦးနှင့် ဝန်ထမ်းများသည် (၁၈-၇-၂၀၂၃) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးတွင် ဝန်ထမ်းမိတ်ဆုံစားပွဲပြုလုပ်ခဲ့ကြပါသည်။
ထိုသို့ပြုလုပ်ရာတွင် ပြည်နယ်ဦးစီးမှူး ဦးသန်းဦးက နေ့လယ်စာအဖြစ် ဘဲဥချဉ်ရည်ဟင်း၊ ပဲနီလေးကြာဇံဟင်းချို၊ ငရုတ်သီးဆားထောင်း၊ သခွားသီး၊ ဥသျှစ်ညွန့်၊ ဂေါ်ဖီ စသည့် အတို့အမြှုပ်၊ ငါးပိရည်တို့ကို ချက်ပြုတ်ကျွေးမွေးခဲ့ပြီး ဝန်ထမ်းများကလည်း မိမိတို့အိမ်မှ ချက်ပြုတ်လာကြသော ကြက်ဥကြော်၊ ပဲပြားချက်၊ ငါးလေးအိုးကပ်၊ မုန့်လာဥချဉ်ရည်ဟင်း၊ ငါးပိထောင်း စသည့်ဟင်းလျာများကို အပြန်အလှန်လဲလှယ်ကြပြီး တပျော်တပါး လက်ရည်တပြင်တည်း ပျော်ရွင်စွာစားသောက်ခဲ့ကြပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးအနေဖြင့် ဝန်ထမ်းများစုပေါင်းညီညာစွာ မိတ်ဆုံစားပွဲပြုလုပ်ခြင်းနှင့် အခါအားလျော်စွာ မုန့်ဟင်းခါးချက်စားခြင်း၊ အစုံသုပ်လုပ်စားခြင်းတို့ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ကရင်)