![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/81_0.jpg?itok=joW9RhIA)
မကွေးတိုင်းဒေသကြီးတွင် ကုန်စည်ဒိုင်များနှင့် ပွဲရုံများတွင်ပဲမျိုးစုံတို့ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ (၁၄) ရက်နေ့တွင် မကွေးကုန်စည်ဒိုင်၌ ပဲတီစိမ်း (၁၉) ပိဿာဝင် (၁)တင်းလျှင် ကျပ် (၅၇၀၀၀-၅၈၅၀၀)၊ ပဲလွန်းဝါ (ကျွန်း) (၁၉) ပိဿာဝင် (၁) တင်းလျှင် ကျပ် (၆၀၀၀၀)၊ ကုလားပဲ (၉၂၉) (၁၉) ပိဿာဝင် (၁) တင်းလျှင် ကျပ် (၈၃၅၀၀)၊ ကုလားပဲ (HL) (၁၉) ပိဿာဝင် (၁) တင်းလျှင် ကျပ် (၈၂၅၀၀)၊ ပဲကြီးဖြူ (လတ်) (၁၉) ပိဿာဝင် (၁) တင်းလျှင် ကျပ် (၈၅၀၀၀)၊ ပဲကြီးဖြူ (သေး) (၁၉) ပိဿာဝင် (၁) တင်းလျှင် ကျပ် (၈၇၀၀၀)၊ ပဲကြီးဖြူ (ပြားကြီး) (၁၉) ပိဿာဝင် (၁) တင်းလျှင် ကျပ် (၉၀၀၀၀)၊ ပဲကြီးမဲ (အာမဲ) (၁၉) ပိဿာဝင် (၁) တင်းလျှင် ကျပ် (၉၀၀၀၀-၉၅၀၀၀)၊ ပဲကြီးမဲ (ချင်း) (၁၉) ပိဿာဝင် (၁) တင်းလျှင် ကျပ် (၇၅၀၀၀)၊ ပဲထောပတ် (၁၉) ပိဿာဝင် (၁) တင်းလျှင် ကျပ် (၇၅၀၀၀)၊ ပဲစဉ်းငုံနီ (၂၀) ပိဿာဝင် (၁) တင်းလျှင် ကျပ် (၁၀၂၀၀၀)၊ မတ်ပဲ (၂၀) ပိဿာဝင် (၁) တင်းလျှင် ကျပ် (၇၃၅၀၀)၊ စားတော်ပဲ (၂၀) ပိဿာဝင် (၁)တင်းလျှင် ကျပ် (၁၄၁၀၀၀) တို့ဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
ဇူလိုင်လ (၁၄) ရက်နေ့တွင် ပဲတီစိမ်းတန်ချိန် (၃၀၀)၊ ပဲလွန်းဝါ (ကျွန်း) တန်ချိန် (၃)၊ ကုလားပဲတန်ချိန် (၈၀)၊ ပဲကြီးဖြူတန်ချိန် (၅၀)၊ ပဲကြီးမဲတန်ချိန် (၁၀)၊ စားတော်ပဲတန်ချိန် (၁၀)၊ မတ်ပဲတန်ချိန် (၂၅)၊ ပဲစဉ်းငုံနီတန်ချိန် (၁၀) တို့ဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မကွေး)