စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးမျိုးဝင်း (မကွေးမြို့နယ်တာဝန်ခံ) နှင့် ဝန်ထမ်းများသည် မိတ်ဖက်ဌာနများဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များနှင့်ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ (၇) ရက်နေ့၊ နံနက် (၀၉း၀၀) နာရီအချိန်တွင် မကွေးမြို့၊ ကန်သာစျေးသို့လည်းကောင်း၊ ဇူလိုင်လ (၉) ရက်နေ့၊ နံနက် (၀၉း၃၀) နာရီအချိန်တွင် မကွေးမြို့၊ မြို့မစျေးသို့လည်းကောင်း၊ ဇူလိုင်လ (၁၀) ရက်နေ့၊ နံနက် (၀၉း၀၀) နာရီအချိန်တွင် မကွေးမြို့၊ ရန်ပယ်စျေးသို့လည်းကောင်း သွားရောက်၍ စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ စျေးကွက်အတွင်း ရောင်းချလျက်ရှိသောစားသုံးဆီများဖြစ်သည့် GOODY Vegetable Oil (ဟင်းရွက်ဆီ)၊ GOOD CHOICE (အဆင့်မြင့် စားအုန်းဆီ)၊ COOK Sunflower Oil (နေကြာဆီ)၊ DUCK (ဟင်းသီးဟင်းရွက်ဆီ)၊ Meizan Sunflower Oil (မေဇင်နေကြာဆီ)၊ LOTUS (ကြာပန်းတံဆိပ် ဟင်းသီးဟင်းရွက်ဆီ-စားအုန်းဆီ)၊ အမေထွား (နှမ်းဆီ)၊ ပွင့်ဖြူ (မြေပဲဆီ) အမှတ်တံဆိပ် (၈) ခုတို့ကိုစစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့်အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားကြောင်း စိစစ်တွေ့ရှိရပါသည်။
ထိုသို့ စျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးဆီအမျိုးမျိုးရောင်းချသည့် လုပ်ငန်းရှင်များအား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်ကထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) ပါ ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့် အသေးစိတ်အချက်အလက်ပါ လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(မကွေး)