Main menu

မကွေး/ချောက်ခရိုင်အတွင်းရှိ မြို့နယ်များ၌ အချိုရည်များကို စျေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရန် ကုန်စည်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းတို့ကို စဉ်ဆက်မပြတ် တွန်းအားပေးဆောင်ရွက်လျက်ရှိပါသည်။ (၆-၇-၂၀၂၃) ရက်နေ့နှင့် (၇-၇-၂၀၂၃) ရက်နေ့များတွင် မကွေး/ချောက်ခရိုင်အတွင်းရှိ မကွေးမြို့နယ်၊ တောင်တွင်းကြီးမြို့နယ်၊ မြို့သစ်မြို့နယ်၊ နတ်မောက်မြို့နယ်နှင့် ချောက်မြို့နယ်များ၌ စည်ပင်သာယာစျေးနှင့် စတိုးဆိုင်ကြီးများအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်းပြီး စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

  ထိုသို့ စစ်ဆေးရာတွင် စျေးကွက်အတွင်း၌ ထိုင်းဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြထားသော Sprite အချိုရည်များရောင်းချမှုရှိ/မရှိ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက စားသုံးရန်မသင့်ဟုတားမြစ်ထားသော စားသောက်ကုန်များနှင့် သက်တမ်းလွန်နေသောကုန်စည်များရောင်းချမှုရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြမထားသောကုန်စည်များနှင့် တရားမဝင်တင်သွင်းလာသောကုန်စည်များရောင်းချမှုရှိ/မရှိတို့ကိုစစ်ဆေးခဲ့ပါသည်။

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေး/ချောက်ခရိုင်အတွင်းရှိ စစ်ဆေးရေးမှူးများက စားသောက်ကုန်ရောင်းချသူလုပ်ငန်းရှင်များကို ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာမပါဝင်သောကုန်စည်များနှင့် တရားမဝင်တင်သွင်းလာသောကုန်စည်များဆိုင်တင်ရောင်းချမှုမပြုလုပ်ရန် အသိပညာပေးဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်ကထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) ပါ လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)