Main menu

တောင်တွင်းကြီးမြို့ပေါ်၌ မုန့်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ အသိပညာပေး

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တာဝန်ခံ ဒေါ်ဌေးဌေးသည် မိတ်ဖက်ဌာနဖြစ်သော ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ (၃-၇-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် တောင်တွင်းကြီးမြို့၊ စားသုံးသူရေးရာဦးစီးဌာနရုံး၌ ကိတ်မျိုးစုံ၊ ပေါင်မုန့်ထုတ်လုပ်သည့်လုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်စွာထည့်သွင်းဖော်ပြလာစေရေးအတွက် တွေ့ဆုံ၍ အသိပညာပေးခဲ့ပါသည်။

     မြို့နယ်တာဝန်ခံက စီးပွားရေးလုပ်ငန်းရှင်အနေဖြင့် ကုန်စည်များထုတ်လုပ်ဖြန့်ဖြူးရောင်းချရာတွင် စီးပွားရေးလုပ်ငန်းရှင်များသိရှိလိုက်နာဆောင်ရွက်စေရန်အတွက် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) ပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များနှင့် အခန်း (၁၈) ပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာပြဋ္ဌာန်းချက်များနှင့် ပုဒ် မ(၄၁)၊ (က) နှင့်(ဆ) တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ထုတ်လုပ်သောကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်စွာဖော်ပြနိုင်ရန် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်ကထုတ်ပြန်ထားသည့် ကြော်ငြာအမှတ် (၂/၂၀၁၉) နှင့်အညီ ဖော်ပြရမည်ဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့်ကိုက်ညီမှုရှိပါက ကုန်အမှတ်တံဆိပ်စိစစ်ခွင့်ပြုချက်ရရှိစေရေးအတွက် ခရိုင်/တိုင်းရုံးများသို့ ဆက်လက်တင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အခြားဌာနများ၏ခွင့်ပြုချက်လိုင်စင်လုပ်ဆောင်ရန်လိုအပ်ပါကလည်း သက်ဆိုင်ရာဌာနများနှင့်ချိတ်ဆက်၍ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့၍ စားသုံးသူကာကွယ်ရေးအသိပညာ ပေးလက်ကမ်းစာစောင်များနှင့်နှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မတီကထုတ်ပြန်ထားသည့် ကြော်ငြာချက်အမှတ် (၂/၂၀၁၉) ပါ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မကွေး)