Main menu

ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု Thursday Talk အသိပညာပေးဟောပြောဆွေးနွေးပွဲ (၇/၂၀၂၃) ကျင်းပ

Powered by Drupal

   မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးတွင် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု Thursday Talk (၇/၂၀၂၃) အား (၁၃-၇-၂၀၂၃) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်၌ ပခုက္ကူခရိုင်ဦးစီးမှူးရုံး၊ CICC ခန်းမ၌ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ပြုလုပ်ဆောင်ရွက်ခြင်းသည် ဝန်ထမ်းများစွမ်းဆောင်ရည်မြင့်မားပြီး လုပ်ငန်းဆောင်ရွက်ချက် များအောင်မြင်စွာလုပ်ကိုင်ဆောင်ရွက်တတ်စေရန်ရည်ရွယ်၍ ပြုလုပ်ဆောင်ရွက်ခြင်းဖြစ်ပါသည်။

    အဆိုပါဆွေးနွေးပွဲတွင် ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်က အဖွင့်အမှာစကားပြောကြားရာ၌ ပြည်ထောင်စုဝန်ကြီးလမ်းညွှန်မှုပြုထားသော (4R)၊ (A,B,C,D,E)၊ (5S)၊ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့ဆက်လက်လုပ်ဆောင်မည့်လုပ်ငန်းစဉ်ဖြစ်သော ကုန်သွယ်မှု (Trade) (၄)ရပ်တို့ကိုရှင်းလင်းပြောကြားခဲ့ပါသည်။

      ဆက်လက်၍ ဦးစီးမှူး ဒေါ်ကြည်ကြည်စိုးက ငွေစာရင်းဌစပုံစံ ဌစ (၁) မှ ထစ (၈) အထိစာရင်းပုံစံများဖြစ်သည့် ရငွေစာရင်းများနှင့် အသုံးစရိတ်စာရင်းများကို ဌစပုံစံများအလိုက် အသေးစိတ်ရှင်းလင်း‌ခြင်း၊  ဒု-ဦးစီးမှူး ဒေါ်သူဇာကျော်က စားသုံးသူကာကွယ်ရေးနည်းဥပဒေပါ အခန်း (၅) နှင့် အခန်း (၆) တို့မှ ကော်မတီဖွဲ့စည်းခြင်းနှင့်အဖွဲ့တွင်ပါဝင်သော ဌာနဆိုင်ရာအဖွဲ့ဝင်များနှင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်းခြင်း၊ စုံစမ်းစစ်ဆေးရေးအဖွဲ့၏ဆောင်ရွက်ချက်များကိုအသေးစိတ်ရှင်းလင်းခြင်းဖြင့်လည်းကောင်း၊ ဒု-ဦးစီးမှူး ဒေါ်လှိုင်ဥမ္မာဦးက စားသုံးသူကာကွယ်ရေးနည်းဥပဒေပါ အခန်း (၇) အရ စစ်ဆေးရေးအရာရှိ၏ ဆောင်ရွက်ရမည့်အချက်များ၊ အခန်း (၈) အရ ပြန်လည်သိမ်းဆည်းခြင်းနှင့် တားမြစ်ခြင်းဆိုင်ရာဆောင်ရွက်ပုံနှင့် စစ်ဆေးခြင်းဆိုင်ရာပုံစံများ၊ ဒု-ဦးစီးမှူး ဒေါ်မျိုးသန္တာဝင်းက ရုံးစာရေးသားနည်း အခန်း (၁၁) အရ အစည်းအဝေးကျင်းပခြင်းနှင့် မှတ်တမ်းတင်ခြင်းတွင် ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ အခန်း (၁၂) ပါ ခရီးသွားမှတ်တမ်းရေးသားရာတွင် လိုက်နာရမည့်အချက်များနှင့် ဝန်ထမ်းလုပ်သက်ရမှတ်တွက်ချက်ခြင်းဆိုင်ရာနည်းလမ်းများကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)