ရက်စွဲ၊ ၂၀.၇.၂၀၂၃
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင် ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေး လုပ်ငန်းများဖြင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်စေရန် ဟူသော မျော်မှန်းချက်နှင့်အညီ အသင်းအဖွဲ့များ အစုအဖွဲ့များ ဖွဲ့စည်းပေးပြီး ပိုမိုအားကောင်းလာစေရေး ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ပွဲရုံများ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှုများကိုလည်း တင်း၊ တန် စာရင်းတို့ကိုလည်း အပတ်စဉ်၊ လစဉ် တင်ပြလျက်ရှိပါသည်။
ကန့်ဘလူပွဲရုံများအနေဖြင့် ၂၀၂၃ခုနှစ် ဇွန်လနှင့်ဇူလိုင်လ လဆန်းပိုင်းတို့တွင် အရောင်းအဝယ်ဖြစ်နေသော သီးနှံအမျိုးအစားနှင့် ဈေးနှုန်းများ အရောင်းအဝယ်ဖြစ်မှု အခြေအနေများမှာ ပဲတီစိမ်း မှာ (၄၆၇)တင်း/(၄၂.၉၂)တန် ဖြစ်ပြီး ဈေးနှုန်းမှာ တစ်တင်းလျှင် (၅၅၀၀၀)ဈေးရှိပါသည်။ မတ်ပဲ မှာ (၁၀၀)တင်း/(၉.၁၉)တန် ဖြစ်ပြီး ဈေးနှုန်းမှာ မတ်ပဲ တစ်တင်းလျှင် (၇၃၀၀၀)ဈေးရှိကာ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ပဲစဉ်းငုံ မှာ (၃၃)တင်း/(၃.၃၀)တန် အရောင်းအဝယ်ရှိခဲ့ပြီး ဈေးနှုန်းမှာ တစ်တင်းလျှင်(၉၅၀၀၀)ဈေးရှိခဲ့ပါသည်။ ပဲစဉ်းငုံအနေဖြင့် တောင်သူမျိုးကျန်များ ရောင်းချချိန်ဖြစ်သည့်အတွက် အဝင်နည်းသော အချိန်ဖြစ်ကာ အရောင်းအဝယ်ဖြစ်ကြောင်း၊ သီးနှံများကို မန်းလေးမြို့ ဇောတိကပွဲရုံသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း ကန့်ဘလူမြို့ပေါ်ရှိ ပွဲရုံပိုင်ရှင်တစ်ဦးထံမှ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)