မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း၊သိုလှောင်၊ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီရည်ညွှန်းလက်ကားဈေးနှုန်းများကို နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည်။
ဆိပ်ဖြူမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင် (၁၁) ဆိုင်ရှိရာ နေ့စဉ်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၃ခုနှစ်၊ ဇူလိုင်လ (ပထမပတ်) နှင့် (ဒုတိယပတ်) စက်သုံးဆီဈေးနှုန်းများမှာ 92 တစ်လီတာလျှင် ယခင်အပတ်တွင် ကျပ်(၁၉၉၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ် (၂၀၉၅) ဖြစ်၍ ကျပ် (၁၀၅) ဈေးမြင့်ခဲ့ကြောင်း၊ 95 တစ်လီတာလျှင် ယခင်အပတ်တွင် ကျပ် (၂၀၉၅) ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ် (၂၂၁၀) ဖြစ်၍ ကျပ် (၁၁၅) ဈေးမြင့်ခဲ့ကြောင်း၊ ဒီဇယ်ရိုးရိုးတစ်လီတာလျှင် ယခင်အပတ်တွင် ကျပ် (၂၀၄၅) ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ် (၂၁၂၅) ဖြစ်၍ ကျပ် (၈၀) ဈေးမြင့်ခဲ့ကြောင်း၊ ပရီမီယမ်ဒီဇယ်တစ်လီတာလျှင် ယခင်အပတ်တွင် ကျပ် (၂၁၂၅) ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ် (၂၂၀၅) ဖြစ်၍ ကျပ် (၈၀) ဈေးအမြင့်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ ယခင်ဇူလိုင်လ၊ ပထမအပတ်ထက် ဈေးနှုန်းမြင့်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း စက်သုံးဆီအရောင်းဆိုင်များမှသိရှိရပါသည်။
DOCA(မကွေး)