မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့မဈေးကြီးတွင် သီးနှံမျိုးစုံစိုက်ပျိုးထွက်ရှိသော ပခုက္ကူ၊ မုံရွာ၊ မန္တလေးမြို့နှင့် ရေစကြိုမြို့ရှိ ကျေးရွာများဖြစ်သည့် ညောင်တော၊ ကူတုတ်ရွာမှ သီးနှံအများဆုံး ဝင်ရောက်ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။
ရေစကြိုမြို့မဈေးအတွင်း ၂၀၂၃ခုနှစ်၊ ဇူလိုင်လ (ဒုတိယအပတ်)အတွင်း အရောင်းအဝယ် ဖြစ်လျက်ရှိသော အခြေခံစားကုန်ဈေးနှုန်းများမှာ ခရမ်းချဉ်သီး (အင်းသီး) (၁)ပိဿာလျှင် ကျပ် (၂၂၀၀ မှ ၂၄၀၀)၊ ခရမ်းသီး(၁)ပိဿာလျှင် ကျပ်(၂၀၀၀ မှ ၂၂၀၀)၊ အာလူး(၁)ပိဿာလျှင် ကျပ် (၃၀၀၀ မှ ၃၂၀၀)၊ မျှစ်(တောင်ရိုး)(၁)ပိဿာလျှင် ကျပ်(၃၀၀၀ မှ၃၂၀၀)၊ မျှစ်(ဝါ)(၁)ပိဿာလျှင် ကျပ်(၂၅၀၀ မှ၂၇၀၀)၊ ကင်းမွန်သီး(၁)ပိဿာလျှင် ကျပ်(၁၅၀၀ မှ ၁၆၀၀)၊ ငရုတ်သီးစိမ်း (၁)ပိဿာ လျှင် ကျပ်(၃၅၀၀ မှ ၄၀၀၀)၊ ဆင်ခြေယာငရုတ်သီးခြောက်(၁)ပြည်လျှင် ကျပ်(၃၃၀၀ မှ ၃၅၀၀)၊ ကြက်သွန်နီ(၁) ပိဿာလျှင် ကျပ်(၂၂၀၀ မှ ၂၄၀၀)၊ ကြက်သွန်ဖြူ(၁)ပိဿာလျှင် ကျပ်(၈၅၀၀ မှ ၉၀၀၀)၊ ဂျင်းတက် (၁)ပိဿာလျှင် ကျပ်(၆၀၀၀ မှ ၆၅၀၀)၊ ကြက်ဟင်းခါးသီး(၁)ပိဿာလျှင် ကျပ် (၁၅၀၀ မှ ၁၆၀၀)၊ ရုံးပတီသီး(၁)ပိဿာလျှင် ကျပ် (၁၂၀၀ မှ ၁၄၀၀)၊ ခဝဲသီး(၁)ပိဿာလျှင် ကျပ် (၁၀၀၀မှ ၁၂၀၀)၊ မေမြို့ ပဲသီး(အပြား) (၁)ပိဿာ လျှင် ကျပ်(၁၅၀၀မှ ၁၈၀၀)၊ သခွါးသီး တစ်လုံး လျှင် ကျပ်(၂၅၀)၊ ဒညင်းသီး တစ်လုံးလျှင် ကျပ် (၅၀မှ ၆၀)၊ ပဲရှည်သီး(ပဲလင်းမြွေသီး) တစ်ချောင်း လျှင် ကျပ်(၅၀၀)၊ ခါကြက်ဥ(၁)ပိဿာလျှင် ကျပ် (၃၀၀၀မှ ၃၂၀၀)၊ ကန်စွန်းရွက်(၁)စည်းလျှင် ကျပ် (၅၀)၊ ချဉ်ပေါင်ရွက်(၁)စည်းလျှင် ကျပ်(၅၀)၊ ဘူးရွက် (၁)စည်းလျှင်ကျပ်(၅၀)၊ နံနံပင် တစ်စည်းလျှင် ကျပ်(၁၀၀)၊ သံပရာသီး(၁)လုံးလျှင် ကျပ်(၅၀)၊ သကြားပြောင်းဖူး (၁)ဖူးလျှင် ကျပ်(၃၅၀)၊ မန်ကျည်းသီးမှည့် အစေ့လွတ်(၁)ပိဿာလျှင် ကျပ် (၃၃၀၀ မှ ၃၅၀၀)၊ မြေပဲဆံ(၁)ပြည်လျှင် ကျပ်(၇၅၀၀ မှ ၈၀၀၀)၊ ကုလားပဲခြမ်း(အနီဆံ)(၁)ပြည်လျှင် ကျပ်(၇၆၀၀၀)၊ ဆား(၁)ပိဿာလျှင် ကျပ်(၅၀၀) ဈေးနှုန်း အသီးသီးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ရေစကြိုမြို့မဈေးအတွင်းရှိ ရောင်းချသူဈေးသည်များထံမှ သိရှိရပါသည်။
DOCA(မကွေး)