Main menu

မကွေးမြို့၊ သမဝါယမစာရင်းရေး၊ စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဒေါ်အေးအေးမိုး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် (၁၈.၇.၂၀၂၃)ရက်နေ့ နေ့လယ်(၁၅း၀၀)နာရီအချိန်တွင် မကွေးမြို့ရှိ သမဝါယမစာရင်းရေး၊ စာရင်းကိုင်သက်မွေးပညာ သင်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ သင်တန်းသား/ သင်တန်းသူ (၁၃၉)ဦး၊ ဆရာ/ဆရာမ (၁၉)ဦး စုစုပေါင်း (၁၅၈)ဦး တက်ရောက်ခဲ့ကြပါသည်။

   ဟောပြောပွဲတွင် ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဒေါ်အေးအေးမိုးက ဌာန၏သမိုင်းကြောင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များ၊ ဦးစီးဌာန၏ဆောင်ပုဒ်၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူ ကာကွယ်ရေးဥပဒေပါအကြောင်းအရာများ၊ ဌာနမှလက်ရှိဆောင်ရွက်နေသော လုပ်ငန်းတာဝန်များနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအကြောင်း၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဒေါ်စန္ဒာစိုးလွင် (ဦးစီးမှူး)က စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၉)ပါ စားသုံးသူများရရှိသည့် အခွင့်အရေး(၈)ချက်နှင့် လိုက်နာရမည့်တာဝန်(၄)ချက်အကြောင်း၊ အခုလိုသိရှိမှသာ မိမိတို့ရရှိမည့် အခွင့်အရေးများကို တောင်းခံနိုင်မည်ဖြစ်ကြောင်း၊ စားသုံးသူများ လိုက်နာရမည့်တာဝန်များကိုလည်း တိတိကျကျလိုက်နာရန်လိုအပ်ကြောင်း၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုတာဝန်ခံ ဒေါ်အေးအေးခိုင်(ဦးစီးမှူး)က ကုန်အညွှန်းအမှတ်အသားတွင် ထည့်သွင်းဖော်ပြရမည့်အချက်(၈)ချက်အား ရှင်းလင်းပြီး ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှသာလျှင် သုံးစွဲစေချင်ကြောင်း၊ ယခုလိုအသိပညာပေးခြင်းကို လုပ်ငန်းရှင်များထံသို့ ကုန်အညွှန်းအမှတ်အသားများတွင် ထည့်သွင်းရမည့်အချက်များပါဝင်ရေးကို ဌာနမှ သွားရောက်အသိပညာပေးကြောင်း၊ သို့မှသာ ကုန်ပစ္စည်းများတွင် ထည့်သွင်းရမည့်အချက်များပါဝင်လာပြီး  စားသုံးသူများအတွက် လုံခြုံစိတ်ချရသည့် ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ သို့မှသာ စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်မည်ဖြစ်ကြောင်းများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ပါသည်။

DOCA(မကွေး)