Main menu

ကန့်ဘလူမြို့၏ ဇူလိုင်လ၊ တတိယအပတ်တွင်ဖြစ်ပေါ်လျက်ရှိသော ငါးဈေးနှုန်းများ

Powered by Drupal

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူ မြို့နယ်တာဝန်ခံရုံးအနေဖြင့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်”ဆိုသည့် ဌာန၏ မျှော်မှန်းချက်တာဝန်ကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ပြည်တွင်းကုန်ဈေးနှုန်းများကို လေ့လာသိရှိနိုင်ရန်အတွက် ဈေးနှုန်းများ ကောက်ယူဖော်ပြလျက်ရှိရာ ကန့်ဘလူမြို့၊ မြို့မစည်ပင်သာယာဈေးတွင် ငါးမျိုးစုံ ရောင်းချလျက်ရှိသော ငါးဈေးနှုန်းများအား ဖော်ပြလိုက်ရပါသည်။ ၂၀၂၃ခုနှစ် ဇူလိုင်လ တတိယအပတ်အတွင်း ဖြစ်ပေါ်နေသော ငါးလက်လီဈေးနှုန်းများမှာ ငါးရံ့အကောင်လိုက် တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ တီလားဗီးယားငါး(သေး)တစ်ပိဿာ လျှင် (၄၀၀၀)ကျပ်၊ တီလားဗီးယားငါး(လတ်) တစ်ပိဿာလျှင်(၅၀၀၀)ကျပ်၊ တီလားဗီးယားငါး(ကြီး)တစ်ပိဿာလျှင် (၆၅၀၀)ကျပ်၊ ငါးကြင်းတစ်ပိဿာလျှင် (၉၀၀၀)ကျပ်၊ ငါးဖယ် တစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ ငါးမုတ်တစ်ပိဿာလျှင် (၆၅၀၀)ကျပ်၊ ငါးမြင်းတစ်ပိဿာလျှင် (၆၅၀၀)ကျပ်၊ ငါးဘတ်တစ်ပိဿာလျှင် (၁၇၀၀၀)ကျပ်၊ ငါးဂျောင်းတစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်၊ ငါးအုံတုံတစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ငါးအုံတုံခုတ်သားတစ်ပိဿာလျှင်  (၁၆၀၀၀) ကျပ်၊ ငါးမြင်းခုတ်သားတစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ငါးကြင်းခုတ်သား တစ်ပိဿာလျှင် (၁၄၀၀၀)ကျပ်၊ ငါးဖယ်ခြစ်တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ ပုစွန်ဆိတ်တစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်နှင့် ပုစွန်ထုပ်တစ်ပိဿာလျှင် (၃၅၀၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

          ငါးဈေးနှုန်းများအား ဇူလိုင်လဒုတိယအပတ်နှင့်နှိုင်းယှဉ်ပါက    တည်ငြိမ်လျက်ရှိပြီး ပုံမှန် အတိုင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း မြို့မစည်ပင်သာယာဈေးအတွင်းရှိ ငါးဒိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)