မြင်းခြံခရိုင်သည် အပူပိုင်းမိုးနည်းရပ်ဝန်းဖြစ်ပြီး စိုက်ပျိုးရေးအတွက် မိုးရေကိုအားကိုးစိုက်ပျိုးရသောဒေသဖြစ်ပါသည်။ မိုးမြေပဲများကို မေလနှင့်ဇွန်လတို့တွင် စတင်စိုက်ပျိူးလေ့ရှိပြီး စက်တင်ဘာလ၊ အောက်တိုဘာလနှင့် ဒီဇင်ဘာလတို့တွင် ရိတ်သိမ်းထွက်ပေါ်လေ့ရှိကြောင်း သိရှိရပါသည်။
မိုးမြေပဲစိုက်ပျိုးမှုအနေဖြင့် ယခုနှစ် (၂၀၂၃-၂၀၂၄) တွင် မြင်းခြံခရိုင်ချုပ်၏ မိုးမြေပဲစိုက်ပျိုးရန် လျာထားမှုမှာ (၄၁၂၁၁) ဧကရှိပြီး လျာထားချက်အတိုင်း စိုက်ပျိုးနိုင်ခဲ့ပါသည်။ ယခင်နှစ်တွင်လည်း စိုက်ပျိုးရန်လျာထားမှုမှာ (၃၉၈၅၄) ဧကရှိခဲ့ပြီး လျာထားချက်များအတိုင်း စိုက်ပျိုးနိုင်ခဲ့ပါသည်။ မြင်းခြံခရိုင်အနေဖြင့် နှစ်စဉ် မိုးမြေပဲစိုက်ပျိုးမှုမှာ လျာထားချက်များအတိုင်း စိုက်ပျိုးနိုင်ခဲ့ပြီး ယခုနှစ်တွင် ယခင်နှစ်ထက် (၁၃၅၇) ဧကပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း သိရှိရပါသည်။ မြို့နယ်အလိုက် စိုက်ပျိုးမှုအနေဖြင့် မြင်းခြံမြို့နယ်တွင် (၄၀၈၅) ဧက၊ တောင်သာမြို့နယ်တွင် (၁၇၇၃၈) ဧက၊ နွားထိုးကြီးမြို့နယ်တွင် (၁၉၃၈၈) ဧကတို့စိုက်ပျိုးထားကြောင်းနှင့် မြေပဲဈေးနှုန်းများအနေဖြင့် ယခင်နှစ်မိုးမြေပဲ၏ မြေပဲဆီဆံတစ်ပိဿာလျှင် (၄၅၀၀၊ ၄၆၀၀) ကျပ်ခန့်ရှိပြီး ယခုနှစ်ဈေးနှုန်းများအနေဖြင့် S1 လုံးဆံတစ်ပိဿာလျှင် (၆၇၀၀) ကျပ်မှ (၆၇၅၀) ကျပ်၊ S1 ဆီဆံတစ်ပိဿာလျှင် (၆၄၅၀) ကျပ်မှ (၆၅၀၀) ကျပ်၊ အနီဆီဆံတစ်ပိဿာလျှင် (၆၄၀၀) ကျပ်မှ (၆၄၅၀) ကျပ်၊ ပဲဆီဈေးနှုန်းမှာ တစ်ပိဿာလျှင် (၁၂၅၀၀) ကျပ်မှ (၁၃၅၀၀) ကျပ်ခန့်တို့ဖြင့် ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)