အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် (၄၅)ပိဿာ(၁)အိတ်လျှင် ယခင်အပတ် (၁၂-၇-၂၀၂၃)ရက်နေ့တွင် နှမ်းနက်(စမုံ)မှာ ကျပ်(၂၇၀၀၀၀မှ ၂၉၀၀၀၀)ဖြစ်ပြီး ယခုအပတ် (၁၈-၇-၂၀၂၃)ရက်နေ့တွင် ကျပ်(၂၆၀၀၀၀မှ ၂၈၀၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀)ဈေးလျော့ခဲ့ပြီး (၄၈၀)အိတ် အရောင်းအဝယ်ရှိခဲ့ပါကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရှိရပါသည်။
ပဲမျိုးစုံဈေးကွက်တွင် ပဲစဉ်းငုံ(နီ)မှာ(၂၀)ပိဿာ(၁)တင်းလျှင် ယခင်အပတ်တွင် ကျပ်(၉၉၀၀၀) ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၉၉၀၀၀)၊ မတ်ပဲ ယခင်အပတ်တွင် ကျပ်(၇၂၀၀၀)ဖြစ်ပြီး ယခု အပတ်တွင်လည်း ကျပ်(၇၂၀၀၀)၊ ပဲကြီး ယခင်အပတ်တွင် ကျပ်(၉၅၀၀၀မှ ၉၈၀၀၀)ဖြစ်ပြီး ယခု အပတ်တွင်လည်း ကျပ်(၉၅၀၀၀မှ ၉၈၀၀၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲခြင်းမရှိပဲ ကုလားပဲ(H-L) ယခင်အပတ်တွင် ကျပ်(၈၆၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၈၈၀၀၀)ဖြစ်၍ ကျပ်(၂၀၀၀) ဈေးမြင့်ခဲ့ကြောင်း၊ ကုလားပဲ(မြကြေး) ယခင်အပတ်တွင် ကျပ်(၈၇၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၈၉၀၀၀)ဖြစ်၍ ကျပ်(၂၀၀၀) စသည်ဖြင့်အသီးသီးဈေးမြင့်ခဲ့ပါသည်။ ပဲတီစိမ်းမှာ ယခုအပတ် တွင် ကျပ်(၅၅၀၀၀မှ ၅၆၀၀၀)ဈေးနှုန်းဖြင့် သီးနှံသစ်များ အနည်းငယ်ဝင်ရောက်လာပြီး တင်ပို့ ရောင်းချမှုမရှိသေးပါကြောင်းနှင့် အရောင်းအဝယ်ပမာဏ အနေဖြင့် (၃၀)ပိဿာဝင်အိတ်များဖြင့် ပဲစဉ်းငုံ(နီ) (၇၀၀)အိတ်၊ မတ်ပဲ (၁၈၀)အိတ်၊ ကုလားပဲ(H-L) (၉၀၀) အိတ်၊ ကုလားပဲ(မြကြေး) (၇၅၀)အိတ်၊ ပဲကြီး(၇၀၀)အိတ်တို့အရောင်းအဝယ်ရှိခဲ့ပါကြောင်း သိရှိရပါသည်။
မြေပဲလုံးဆံ(ဖြူ)မှာ (၁)ပိဿာလျှင် ယခင်အပတ်တွင် ကျပ်(၆၈၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၆၈၀၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိပဲ (၃၀)ပိဿာဝင်အိတ်များဖြင့် (၃၅၀)အိတ် အရောင်းအဝယ်ရှိခဲ့ပါကြောင်းနှင့် နှမ်း၊ ပဲမျိုးစုံသီးနှံများအား ရန်ကုန်မြို့နှင့် မန္တလေးမြို့များသို့ တင်ပို့ရောင်းချရပါကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရှိရပါသည်။
DOCA(မကွေး)