Main menu

“ ပဲတီစိမ်း(မိုး)အသစ်များ အရောင်းအဝယ်ဖြစ်လျက်ရှိ”

Powered by Drupal

          မိတ္ထီလာခရိုင်တွင် လယ်ယာထွက်ကုန်သီးနှံများမှ စျေးကွက်ဝင်သီးနှံတစ်မျိုးဖြစ်သည့် ပဲတီစိမ်း ကို မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်း (၄) မြို့နယ်လုံး စိုက်ပျိုးကြပါသည်။ ပဲတီစိမ်း(မိုး)ကို မေလနှင့် ဇွန်လဆန်းပိုင်းများတွင် စိုက်ပျိုးကြပြီး ယခုနှစ်တွင် မိုးရွာသွန်းမှုနည်းသဖြင့် အပင်ဖြစ်ထွန်းမှုအားနည်း၍ ပဲတီစိမ်းအထွက်မှာ ယခင်နှစ်နှင့်နှိုင်းယှဉ်လျှင် အထွက်နှုန်းနည်းကြောင်း၊ ယခုဇူလိုင်လ စတုတ္ထပတ်မှစ၍ ပဲတီစိမ်း(မိုး) အသစ်များ စျေးကွက်စတင်ဝင်ရောက်လာပြီး မိတ္ထီလာမြို့ပေါ်ရှိ ပွဲရုံများတွင် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။

     ပဲတီစိမ်းကို ဒေသတွင်း ပဲပင်ပေါက်လုပ်ငန်းများအပြင် မန္တလေးဝယ်လက်များမှ အဓိကဝယ်ယူလျက်ရှိကြောင်း၊ ယခင်လက်ရှိစျေးကွက်အတွင်း ပဲတီစိမ်း အသစ် တစ်တင်းလျှင် (၅၇၀၀၀) ကျပ်ဖြင့် အ‌ရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်နှစ်ပဲတီစိမ်းပေါ်စ တွင် တစ်တင်းလျှင် (၄၈၀၀၀) ကျပ်စျေးသာရှိခဲ့ပြီး၊ ယခင်နှစ်နှင့်ယခုနှစ်နှိုင်းယှဉ်လျှင် ပဲတီစိမ်း တစ်တင်းလျှင် (၉၀၀၀) ကျပ်စျေးမြှင့်တက်လာကြောင်း သိရှိရပါသည်။

DOCA(မန္တ‌လေး)