စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဉီးစီးဌာန၊ ကလေးဝမြို့နယ်တာဝန်ခံ ဦးကျော်ကျော်မိုးသည် ၂၀၂၃ခုနှစ်၊ ဇူလိုင်လ (၂၄) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်၌ ကလေးဝမြို့ရှိ အထွေထွေအုပ်ချုပ်ရေးခန်းမတွင် အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ဝန်ထမ်း (၄၀) ဦးတက်ရောက်ခဲ့ကြပါသည်။
အဆိုပါဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဉီးကျော်ကျော်မိုး (ဒု-ကြီးကြပ်ရေးမှူး) က စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၅) တွင်ပါရှိသည့် ဉီးစီးဌာန၏လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းတာဝန်များကို အသေးစိတ်အသိပညာပေးခဲ့ပါသည်။ ဆက်လက်၍ စားသုံးသူ၏အခွင့်အရေးနှင့်စပ်လျဉ်း၍ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သတင်းအချက်အလက်များ ဖြန့်ဝေပေးခြင်း၊ တိုင်ကြားလာမှုနှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးရန် (သို့မဟုတ်) ဘေးအန္တရာယ်ရှိသောကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုများကို စောင့်ကြည့်စစ်ဆေးနိုင်ရန်နှင့် ဈေးကွက်အတွင်းမှ ပပျောက်စေရန်အလို့ငှာ ဒုတိယဉီးစီးမှူးအောက်မနိမ့်သူကို စစ်ဆေးရေးမှူးအဖြစ်တာဝန်ပေးအပ်ခြင်း၊ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုများဘေးအန္တရာယ်ကင်းရှင်းစေရေးအလို့ငှာ စစ်ဆေးရန်လိုအပ်သည့်နေရာများသို့ဝင်ရောက်စစ်ဆေးခြင်း၊ အချက်အလက်များရယူစုဆောင်းခြင်း၊ နမူနာပစ္စည်းရယူခြင်းများကို စစ်ဆေးရေးအရာရှိအား တာဝန်ပေးအပ်ခြင်း စသည်တို့ကိုလုပ်ဆောင်လျက်ရှိပါကြောင်း အသိပညာပေးခဲ့မှုကိုသတင်းရရှိရပါသည်။
DOCA(စစ်ကိုင်း)