၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၂၁ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် ကန့်ဘလူမြို့၊ အမှတ် (၂) ရပ်ကွက်ရှိ “ရွှေစည်တော်မွေးနေ့ကိတ်နှင့်မုန့်မျိုးစုံလုပ်ငန်း” သို့သွားရောက်၍ လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ကန့်ဘလူမြို့နယ်တာဝန်ခံက စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈) ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) ပါ ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့် အသေးစိတ်စိစစ်ချက်အတိုင်း မိမိတို့၏ထုတ်ကုန်များတွင် မဖြစ်မနေထည့်သွင်းဖော်ပြရမည်ဖြစ်ကြောင်းနှင့် လိုက်နာမှုမရှိပါက စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ (၇၃) အရ အရေးယူခံရမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့နောက် လုပ်ငန်းရှင်က သိရှိလိုသည်များကိုပြန်လည်မေးမြန်းဆွေးနွေးခဲ့ပြီး ညွှန်ကြားချက်နှင့်အညီ လိုက်နာဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြို့နယ်တာဝန်ခံကလည်း ထုတ်လုပ်မှုအခြေအနေ၊ ဖြန့်ဖြူးရောင်းချမှုနှင့် ဈေးနှုန်းဈေးကွက်အခြေအနေတို့ကိုမေးမြန်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)