Main menu

ပေါင်မြို့နယ်၊ ရင်းငြိမ်တောင်ကျေးရွာရှိ မူလတန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ

Powered by Drupal

  မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂၄-၇-၂၀၂၃) ရက်နေ့တွင် ပေါင်မြို့နယ်၊ ရင်းငြိမ်တောင်ကျေးရွာရှိ အမှတ် (၁) အခြေခံပညာမူလတန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ပါသည်။

   အဆိုပါဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းချိုက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုခရိုင်ဦးစီးမှူး၊ ဦးစီးအရာရှိ ဦးအောင်ကျော်မင်းက စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားကိုအဓိကထားဖတ်ရှုကြရန်၊ ကုန်စည်/ဝန်ဆောင်မှုများရွေးချယ်ဝယ်ယူရာတွင် သတင်းအချက်အလက်များကိုသေချာစွာစုံစမ်းရန်၊ ကုန်စည်/ဝန်ဆောင်မှုများကိုဝယ်ယူသုံးစွဲခြင်းကြောင့် စားသုံးသူထိခိုက်နစ်နာမှုပေါ်လာပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်သည့်အကြောင်းအရာများ၊ Consumer Call Center သို့ ဖုန်းခေါ်ဆို၍လည်းတိုင်ကြားနိုင်ကြရန်နှင့် www. doca. gov. mm တွင်လည်းဝင်ရောက်ကြည့်ရှုလေ့လာနိုင်ကြရန် အသိပညာပေးဆွေးနွေးခဲ့ပါသည်။

      အဆိုပါဆွေးနွေးပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူစုစုပေါင်း (၁၀၈) ဦးတက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(မွန်)