ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဦးစီးမှူးရုံးတွင် ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၂၁ရက်နေ့၊ နေ့လယ် (၁၅:၀၀) နာရီအချိန်တွင် Virtual စနစ်ဖြင့် (ရုံးချုပ်) နေပြည်တော်၊ ရုံးအမှတ် (၅၂) ၌ သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲရေးဌာန၊ ညွှန်ကြားရေးမှူး ဦးဆန်းမြင့်ဦးဆောင်၍ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းထွန်းနှင့်အတူ Commodity Price Database Software တွင် ကုန်စည်ဒိုင်များရှိ ကုန်ပစ္စည်းဈေးနှုန်းများဖြည့်သွင်းရန် အစည်းအဝေးသို့ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ ပြည်တွင်းဌာနခွဲမှ တာဝန်ခံဦးလှိုင်ထွဋ်နှင့် အမှုထမ်းများတက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ပြည်တွင်းတွင်ဖြစ်ပေါ်နေသော ကုန်ပစ္စည်းများ၏ဈေးနှုန်းစာရင်းများကို စနစ်တကျထည့်သွင်းသိမ်းဆည်းရန်နှင့် အလွယ်တကူရှာဖွေကြည့်ရှုနိုင်ရန် Commodity Price Database Software အား ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလမှစ၍ အသုံးပြုလျက်ရှိကြောင်း၊ ကုန်စည်ဒိုင်များရှိ လယ်ယာထုတ်ကုန်များ၏ဈေးနှုန်းဆိုင်ရာအချက်အလက်များကို တောင်သူများအလွယ်တကူကြည့်ရှုနိုင်စေရန် သက်ဝင်လှုပ်ရှားမှုရှိသည့်ကုန်စည်ဒိုင်များအားရွေးချယ်၍ Myanmar Agri Market Price Mobile Application ကိုရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)