ဧရာဝတီတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ တိုင်းဦးစီးမှူးရုံးတွင် တိုင်းဒေသကြီးအတွင်းရှိ အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးရေးဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းအကြောင်းတို့၏ ရှင်းလင်းပွဲအခမ်းအနားကို ၂၀၂၃ခုနှစ်၊ ဇူလိုင်လ (၂၀) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင်ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအဆင့် ကြီးကြပ်မှုကော်မတီ၊ အသေးစားစက်မှုလက်မှုလုပ်ငန်း၏ တိုင်းဦးစီးမှူး ဦးအောင်ဖြိုးဦးဆောင်၍ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ပြည်တွင်းအခွန်ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှဖြစ်သော ခရိုင်ဦးစီးမှူး၊ ဖျာပုံခရိုင်၊ မအူပင်ခရိုင်၊ မြောင်းမြခရိုင်၊ ဟင်္သာတခရိုင်နှင့် သက်ဆိုင်ရာနယ်မြေဒေသကျေးရွာများ၏ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။
အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးအောင်ဖြိုးက (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်၌ ဧရာဝတီတိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးရေးဆောင်ရွက်မည့် စီမံကိန်း လုပ်ငန်း၏ရည်ရွယ်ချက်၊ ရည်မှန်းချက်၊ ကော်မတီဖွဲ့စည်းခြင်းနှင့်လုပ်ငန်းတာဝန်များ၊ ခရိုင်အဆင့် ကြီးကြပ်မှုကော်မတီလုပ်ငန်းတာဝန်များ၊ အသက်မွေးဝမ်းကြောင်းဆိုင်ရာသင်တန်းများ၊ လုပ်ငန်းထူထောင်လိုသူများရွေးချယ်ခြင်းလိုက်နာရမည့်စည်းကမ်းများ၊ ဥပဒေနှင့်အညီ ဆောင်ရွက်ရန်ကိစ္စများ၊ လုပ်ငန်းသုံးပစ္စည်းနှင့် နည်းပညာပံ့ပိုးရန်ကိစ္စရပ်များ၊ စီမံကိန်းဆိုင်ရာငွေကြေးသုံးစွဲမှုနှင့်ပတ်သက်သည့် လိုက်နာရမည့်စည်းကမ်းချက်များ၊ ရရှိမည့်အကျိုးကျေးဇူးများနှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(မွန်)