Main menu

ပြည်နှမ်းဈေးနှုန်းတည်ငြိမ်လျက်ရှိ

Powered by Drupal

   ပြည်ခရိုင်တွင် ၂၀၂၃ခုနှစ်၊ ဇွန်လတွင် မိုးနှမ်းများစိုက်ပျိုးနေချိန်ဖြစ်ပြီး စိုက်ဧကမှာ (၉၀၀၀) ကျော်ခန့်ရှိသည်ဟုသိရပါသည်။ ပြည်ဈေးကွက်သို့ ယခုအချိန်တွင် နှမ်းဝင်ရောက်မှုမရှိဘဲ ယခင်လက်ကျန်အနည်းငယ်ဖြင့်သာ အရောင်းအဝယ်ရံဖန်ရံခါဖြစ်ကြောင်း သိရပါသည်။ ပြည်ဒေသအတွင်း ဆီစက်သမားများက ယခင်လှောင်ထားသည့် နှမ်းလက်ကျန်ကိုထုတ်၍ ဆီများကြိတ်ခွဲနေကြောင်းသိရပါသည်။  နှမ်းနက်နှင့် စမုံနက်နှမ်းကို ဝယ်လက်အဝယ်သိပ်မရှိသဖြင့် အရောင်းအဝယ်မဖြစ်၍ ဈေးငြိမ်နေခြင်းဖြစ်ပါသည်။ မိုးနှမ်းများသည် လာမည့်ဩဂုတ်လနှင့် စက်တင်ဘာလတို့တွင် စတင်ထွက်ပေါ်လာမည်ဖြစ်ပြီး အောက်တိုဘာလတွင် လှိုင်လှိုင်ထွက်ပေါ်လာမည်ဖြစ်သဖြင့် မိုးနှမ်းများထွက်ပေါ်ချိန်တွင်  ရာသီဥတုဖျက်ဆီးမှုမရှိလျှင် တောင်သူများအတွက် အမြတ်အစွန်းများရရှိလာနိုင်မည်ဖြစ်ပါသည်။ ယခုဇွန်လ၊ တတိယအပတ်တွင် နှမ်းနီ (၃) တင်းဝင် တစ်အိတ်လျှင် (၂၇၀၀၀၀) ကျပ်၊ နှမ်းနက် (၃) တင်းဝင် တစ်အိတ်လျှင် (၃၀၀၀၀၀) ကျပ်နှင့် စမုံနက်နှမ်း (၃) တင်းဝင် တစ်အိတ်လျှင် (၃၃၀၀၀၀) ကျပ်ဈေးအမြင့်ဖြင့် ဆက်လက်ငြိမ်နေသည်ကိုတွေ့ရပါသည်။ နှမ်းဆီဈေးမှာလည်း တစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်ဖြစ်၍ ဈေးငြိမ်နေကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)