Main menu

တောင်ငူမြို့နယ်၊ လေးမိုင်ဒေသ၏ ကျောက်ထုတ်လုပ်ရေးလုပ်ငန်း

Powered by Drupal

   တောင်ငူမြို့နယ်၊ လေးမိုင်ဒေသတွင် အကျဉ်းဦးစီးဌာန၏ ကျောက်ထုတ်လုပ်ခွင့်ရရှိထားသောကုမ္ပဏီများသည် ကျောက်များထုတ်လုပ်၍ ဆောက်လုပ်ရေးလုပ်ငန်းများသို့ ပို့ဆောင်ရောင်းချပေးလျက်ရှိပါသည်။ ကျောက်ထုတ်လုပ်ခွင့်ရရှိသောကုမ္ပဏီသည် ၎င်းထုတ်လုပ်ခွင့်ရရှိသည့် ဧရိယာအတွင်းမှ ကျောက်တောင်များကို ဒိုင်းနမိုက်ဖြင့်ခွဲရပါသည်။ ကျောက်တောင်အား ဒိုင်းနမိုက်ဖြင့်ခွဲခြင်းကို တစ်ပတ်လျှင် တစ်ကြိမ် ဗုဒ္ဓဟူးနေ့တွင်သာဆောင်ရွက်ခွင့်ပြုပါသည်။

   ဒိုင်းနမိုက်ဖြင့်ခွဲ၍ရရှိသော ကျောက်ကြမ်းများကို Back Fore ဖြင့်ကော်ပြီး ကားပေါ်တင်၍ ကျောက်ခွဲစက်သို့ပို့ရပါသည်။ ကျောက်ကြမ်းအတိုင်း ဝယ်ယူသည့်ကုမ္ပဏီများရှိပါကလည်း ကျောက်ကြမ်းအတိုင်း ရောင်းချပေးပါသည်။ ကျောက်ခွဲစက်သို့ပို့ပြီးသောကျောက်ကြမ်းများကို ဆိုဒ်အမျိုးမျိုးခွဲပြီး မှာယူသည့် လမ်း၊ တံတား၊ ဆောက်လုပ်ရေးလုပ်ငန်းများသို့ ပို့ဆောင်ပေးရပါသည်။

   ဈေးနှုန်းများအနေဖြင့် ဖိုင်းဟုခေါ်သည့် ကျောက်အမှုန့် (ကျောက်အကြေ) တစ်ကျင်းလျှင် ၂၅၀၀၀ကျပ်၊ ငါးမူးကျောက်တစ်ကျင်းလျှင် ၉၀၀၀၀ကျပ်၊ သုံးမတ်ကျောက်တစ်ကျင်းလျှင် ၈၀၀၀၀ကျပ်၊ ၁'×၁' တစ်ကျင်းလျှင် ၆၀၀၀၀ကျပ်၊ ၃'×၃'တစ်ကျင်းလျှင် ၄၅၀၀၀ကျပ်၊ ၂'×၄'တစ်ကျင်းလျှင် ၄၀၀၀၀ကျပ်နှင့် ၆'×၉'တစ်ကျင်းလျှင် ၃၇၀၀၀ကျပ်ရှိပါသည်။

 မိုးတွင်းကာလများတွင် ကျောက်ထုတ်လုပ်သည့်အခါ ကျောက်ကျင်းများအတွင်းသို့ ရေဝင်သဖြင့် ရေစုပ်စက်ဖြင့်စုပ်ယူပြီးမှ ကျောက်သားများထုတ်ယူရကြောင်း တောင်ငူမြို့နယ်၊ လေးမိုင်ဒေသ၊ အားလူးကုန်းရှိ ငွေတောင်ကျောက်ထုတ်လုပ်ရေးလုပ်ငန်းမှသိရပါသည်။

DOCA(ပဲခူး)