ပဲခူးတိုင်းဒေသကြီးတွင် ဈေးကွက်အတွင်းဖြစ်ပေါ်နေသော အခြေခံစားကုန်ပစ္စည်းများ ဈေးနှုန်းမှန်ကန်စွာရောင်းချရေး၊ ပစ္စည်းပြတ်လပ်မှုမရှိစေရေး၊ သတ်မှတ်အရည်အသွေး၊ အလေးချိန်၊ အချိန်အတွယ်နှင့် ဈေးနှုန်းမှန်ကန်မှုရှိစေရေးတို့အတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် စားသုံးသူပြည်သူများအား ဈေးနှုန်းသက်သာစွာ စားသုံးနိုင်ရန်အတွက် ပဲခူးမြို့၊ မြို့မဈေးကြီးတွင် ၁၇.၆.၂၀၂၃ ရက်နေ့မှစတင်၍ နေ့စဉ် နံနက်(၀၇:၀၀)နာရီမှ နေ့လယ် (၁၂:၀၀) နာရီအထိ အခြေခံ စားကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ကြက်ဥ၊ ဘဲဥ၊ အသားငါးမျိုးစုံ၊ စားဖိုဆောင်သီးနှံနှင့် ဟင်းသီးဟင်းရွက် အမယ်စုံတို့ကို ရောင်းချပေးလျက်ရှိရာ ဈေးနှုန်းအနေဖြင့် ဧည့်မထဆန်(၁)ပြည် လျှင် ၂၅၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ စားအုန်းဆီ(၁)ပိဿာလျှင် ၄၈၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ဘဲဥ(၁)လုံးလျှင် (၂၉၀)ကျပ်နှုန်းဖြင့်လည်းကောင်း၊ ကြက်ဥ(၁)လုံးလျှင် (၂၃၀)ကျပ်နှုန်းဖြင့် လည်းကောင်း၊ ကြက်သား (၁)ပိဿာလျှင် (၈၀၀၀)ကျပ်နှုန်းဖြင့်လည်းကောင်း၊ ဝက်သား(၁)ပိဿာလျှင် (၁၂၀၀၀)ကျပ်နှုန်းဖြင့် လည်းကောင်း၊ ဆိတ်သား(၁)ပိဿာလျှင် (၁၅၀၀၀)ကျပ် နှုန်းဖြင့်လည်းကောင်း၊ အမဲသား(၁)ပိဿာလျှင် (၁၂၀၀၀)ကျပ်နှုန်းဖြင့်လည်းကောင်း၊ ပုစွန်(၁)ပိဿာလျှင် (၁၈၀၀၀)ကျပ်နှုန်းဖြင့်လည်းကောင်း၊ ငါးကြင်း(နီ) (၁)ပိဿာလျှင် (၅၀၀၀)ကျပ် နှုန်းဖြင့်လည်းကောင်း၊ ကြက်သွန်နီ(၁)ပိဿာလျှင် (၁၈၀၀)ကျပ်နှုန်းဖြင့်လည်းကောင်း အသီးသီးရောင်းချပေးလျက်ရှိသဖြင့် စားသုံးသူပြည်သူများအနေဖြင့် ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)