ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် သာယာဝတီခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၏ စီမံဆောင်ရွက်မှုဖြင့် အုတ်ဖိုမြို့နယ်စီမံအုပ်ချုပ်ရေးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ အုတ်ဖိုမြို့နယ်၊ ကိုယ်တိုင်စိုက်ပျိုး/မွေးမြူရောင်းချသည့် အခြေခံစားသောက်ကုန်များနှင့်ဆီများကို သက်သာသောဈေးနှုန်းဖြင့်ရောင်းချပေးလျက်ရှိပါသည်။
ထိုသို့ရောင်းချရာတွင် (၁၄-၇-၂၀၂၃) ရက်နေ့မှစ၍ အခြေခံလူတန်းစားများကို စားအုန်းဆီတစ်ပိဿာလျှင် ၅၁၀၀ကျပ်ဈေးနှုန်းဖြင့် လူတစ်ဦးလျှင် ဆီ၅၀ကျပ်သားတစ်ဘူးနှုန်းစီဖြင့် နေစဉ် နံနက် (၆:၀၀) နာရီအချိန်မှစ၍ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသွားရောက်ရောင်းချလျက်ရှိပါသည်။
အုတ်ဖိုမြို့၊ ဆီကုန်သည်ကြီးများအသင်းကလည်း ဆီ ၁ပိဿာလျှင် ၅၅၀၀ကျပ်ဈေးနှုန်းဖြင့် ဈေးလျှော့ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)