စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင် ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှုတင်း/တန်စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိရာ ဇူလိုင်လ၊ လကုန်ပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့် သီးနှံနှင့် ဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းခဲ့ပါသည်။
ပဲတီစိမ်းမှာ ဧပြီလ၊ တတိယပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ စတင်ဝင်ရောက်ခဲ့ပြီး ဇူလိုင်လ၊ လကုန်ပတ်ထိ ဝင်ရောက်လျက်ရှိကြောင်း၊ ဇူလိုင်လ၊ လကုန်ပတ်တွင် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းမှာ ပဲတီစိမ်း တစ်တင်းလျှင် (၅၆၀၀ဝိ/-)ကျပ်ပေါက်ဈေးရှိပြီး အရောင်းအဝယ်ဖြစ်မှုမှာ (၂၁၀၀)တင်း/ (၆၉)တန်ဖြစ်ကြောင်း၊ ယခင်နှစ်ကာလတူ၌ ပဲတီစိမ်း တစ်တင်းလျှင် (၄၂၀၀ဝိ/-)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သဖြင့် ယခုနှစ်တွင် ယခင်နှစ်ကာလတူထက် ပဲတီစိမ်းတစ်တင်းလျှင်(၁၄၀၀ဝိ/-) ဈေးပိုခဲ့ကြောင်း၊ ဇူလိုင်လ၊ တတိယပတ်နှင့် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းနှိုင်းယှဉ်ပါက တတိယပတ်၌ ပဲတီစိမ်း တစ်တင်းလျှင် (၅၄၀၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ဇူလိုင်လ၊ လကုန်ပတ်တွင် တတိယပတ်ထက် ပဲတီစိမ်း တစ်တင်းလျှင် (၂၀၀ဝိ/-)ကျပ်ဈေးပိုခဲ့ကြောင်း ပဲတီစိမ်းများမှာ တောင်သူများလက်ဝယ်တွင် လက်ကျန်နည်းပါးနေ၍ ဝင်ရောက်မှုလည်းနည်းကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)