Main menu

မင်းလှအာလူးနှင့် ကြက်သွန်ဖြူဈေးကွက်

Powered by Drupal

    မင်းလှဈေးကွက်တွင် ၂၀၂၃ခုနှစ်၊ ဇူလိုင်လ (စတုတ္ထပတ်) ၌ ရှမ်းအာလူးလက်ကား (ဈေး) အကြီး/အသေးပေါ်မူတည်၍ တစ်ပိဿာလျှင် ကျပ် (၂၂၀၀-၂၆၀၀) ကြားဈေးရှိပြီး လက်လီဈေးကျပ် (၂၅၀၀-၃၀၀၀) ရှိပါသည်။ အရောင်းအဝယ်အနေဖြင့် ဒေသတွင်းလက်လီဝယ်ယူသူများဖြင့် ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ မင်းလှဈေးကွက်သို့ ရန်ကုန်၊ ပြည်မှ ရှမ်းအာလူးများ နေ့စဉ် အိတ် ၁၀၀မှ ၁၅၀ခန့်အဝင်ရှိကြောင်းသိရှိရပါသည်။

   မင်းလှဈေးကွက်တွင် ကြက်သွန်ဖြူဈေးမြင့်တက်လျက်ရှိပါသည်။ ရှမ်းကြက်သွန်ဖြူများ မင်းလှဈေးကွက်သို့ နေ့စဉ် အိတ် ၅၀မှ အိတ်၁၀၀ခန့်အဝင်ရှိနေသည့်အတွက် ဈေးကွက်ရှိ ကြက်သွန်ဖြူ  (ကြူကုတ်) လက်ကား (ပွဲရုံဈေး) တစ်ပိဿာလျှင် ကျပ် (၈၅၀၀-၉၀၀၀)၊ လက်လီဈေးတစ်ပိဿာလျှင် ကျပ် (၉၅၀၀-၁၀၀၀၀) ဖြင့်လည်းကောင်း၊ ရှမ်းစလက်ကား (ပွဲရုံ) ဈေးတစ်ပိဿာလျှင် ကျပ် (၉၀၀၀-၁၀၀၀၀)၊  လက်လီဈေးတစ်ပိဿာလျှင် ကျပ် (၁၁၀၀၀-၁၂၀၀၀) တို့ဖြင့်  အရောင်းအဝယ်အေးလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)