Main menu

မုံရွာကုန်စည်ဒိုင်၏ ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်း၊ မြေပဲသီးနှံနှင့် နှမ်းမျိုးစုံတို့၏ ဈေးနှုန်း ပြောင်းလဲမှု အခြေအနေ

Powered by Drupal

     မုံရွာကုန်စည်ဒိုင်တွင် ပဲအမျိုးအစားအလိုက် ဈေးနှုန်းများမှာ ယခင်နှစ် ကာလတူဈေးထက် ယခုနှစ် ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်းနှင့် နှမ်းမျိုးစုံဈေးနှုန်းများ ဈေးပိုကောင်းလျက်ရှိပါကြောင်း မုံရွာကုန်စည်ဒိုင် ဈေးနှုန်းသတင်းများအရ သိရသည်။

မတ်ပဲ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဇူလိုင်လ၊ (စတုတ္ထ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၅၂၂၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇူလိုင်လ၊ (စတုတ္ထ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၇၃၃၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်း လျှင် ကျပ် နှစ်သောင်းကျော် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၀ မှ ၂၀ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။

ပဲစဉ်းငုံ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဇူလိုင်လ၊ (စတုတ္ထ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၆၄၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇူလိုင်လ၊ (စတုတ္ထ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၉၅၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်း လျှင် ကျပ် ငါးသောင်းခန့် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၀ မှ ၁၅ ခန့် အရောင်း အဝယ် ဖြစ်ကြောင်း သိရသည်။

ပဲတီစိမ်း

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဇူလိုင်လ၊ (စတုတ္ထ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၅၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇူလိုင်လ၊ (စတုတ္ထ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၅၈၃၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်း လျှင် ကျပ် တစ်သောင်းခွဲခန့် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၀ မှ ၂၀ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။

ကုလားပဲ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဇူလိုင်လ၊ (စတုတ္ထ)ပတ်တွင် ကုလားပဲဖြူလုံးကြီးတစ်တင်းလျှင် ကျပ် ၅၃၇၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇူလိုင်လ၊ (စတုတ္ထ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၈၃၃၀၀၊ 929  တစ်တင်းလျှင် ကျပ် ၅၀၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇူလိုင်လ၊ (စတုတ္ထ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၈၅၃၀၀၊ ထိုင်ဝမ် တစ်တင်းလျှင် ကျပ် ၄၉၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇူလိုင်လ၊ (စတုတ္ထ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၈၁၆၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်သုံးသောင်းခန့်မှ သုံးသောင်းခွဲကျော် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၂၀ မှ ၃၀ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။

စွန်တာနီ/ပြာ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဇူလိုင်လ၊ (စတုတ္ထ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၆၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇူလိုင်လ၊ (စတုတ္ထ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၈၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်နှစ်ထောင် ပိုမိုခဲ့ပါသည်၊ တစ်ရက်လျှင် အိတ်ရေ ၁၀ မှ ၁၅ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်

ထောပတ်ပဲ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဇူလိုင်လ၊ (စတုတ္ထ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၄၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇူလိုင်လ၊ (စတုတ္ထ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၁၁၀၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ခြောက်သောင်းခွဲကျော် ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၁၀ မှ ၂၀ ခန့် အရောင်း အဝယ် ဖြစ်ကြောင်း သိရသည်။

အစေ့ထုတ်ပြောင်း

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဇူလိုင်လ၊ (စတုတ္ထ)ပတ်တွင် ပြောင်းတစ်တင်းလျှင် ကျပ် ၁၃၇၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇူလိုင်လ၊ (စတုတ္ထ)ပတ်တွင် ပြောင်း တစ်တင်းလျှင် ကျပ် ၁၉၀၀၀ ဖြင့် အရောင်း အဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ် ငါးထောင်ကျော် ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၁၀ မှ ၁၅ ခန့်အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

မြေပဲဆံသီးနှံ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဇူလိုင်လ၊ (စတုတ္ထ)ပတ်တွင် မြေပဲဆံနီ တစ်ပိဿာလျှင် ကျပ် ၅၂၅၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇူလိုင်လ၊ (စတုတ္ထ)ပတ်တွင် တစ်ပိဿာလျှင် ကျပ် ၈၈၀၀၊ ယခင်နှစ် ဇူလိုင်လ၊ (စတုတ္ထ)ပတ်တွင် မြေပဲဆံဖြူ တစ်ပိဿာလျှင် ကျပ် ၅၂၅၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇူလိုင်လ၊ (စတုတ္ထ )ပတ် တွင် တစ်ပိဿာလျှင် ကျပ် ၇၀၀၀၊ တစ်ပိဿာလျှင် ကျပ် နှစ်ထောင်ခန့်မှ သုံးထောင်ငါးရာကျော်အထိ ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၀ မှ ၁၅ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။

နှမ်းမျိုးစုံသီးနှံ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဇူလိုင်လ၊ (စတုတ္ထ)ပတ်တွင် နှမ်းနက် တစ်တင်းလျှင် ကျပ် ၇၃၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇူလိုင်လ၊ (စတုတ္ထ)ပတ်တွင် တစ်တင်းလျှင် ကျပ် ၁၀၀၀၀၀၊ နှမ်းဖြူ တစ်တင်းလျှင် ကျပ် ၇၀၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇူလိုင်လ၊ (စတုတ္ထ)ပတ်တွင် တစ်တင်းလျှင် ကျပ် ၁၁၆၆၀၀၊ နှမ်းညို တစ်တင်းလျှင် ကျပ် ၆၃၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇူလိုင်လ၊ (စတုတ္ထ)ပတ်တွင် တစ်တင်းလျှင် ကျပ် ၉၀၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်သုံးသောင်းခန့်မှ လေးသောင်းခွဲကျော်အထိ ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၁၅ မှ ၂၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း မုံရွာကုန်စည်ဒိုင် ဈေးနှုန်းများစာရင်းအရ သိရပါသည်။

DOCA(စစ်ကိုင်း)